Friday, 26 February 2016

သမ္မတကြီးဦးသိန်းစိန်အား လူငယ်၂၀၀၀ကျော်နှုတ်ဆက်ကန်တော့မည်

သမ္မတဦးသိန်းစိန်ကိုလူငယ်၂၀၀၀ကျော်က နှုတ်ဆက်ကန်တော့မည်
==============================================
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
သမ္မတသက်တမ်း တစ်လခန့်သာကျန်တော့သည့် နိုင်ငံတော်သမ္မတ ဦးသိန်း စိန် ကို နိုင်ငံတစ်ဝန်းမှ လူငယ်၂၀၀၀ကျော်က နေပြည်တော်ရှိ သမ္မတ အိမ်တော် ၌တွေ့ဆုံ၍ နှုတ်ဆက်ကန်တော့မည်ဖြစ်ကြောင်း အဆိုပါနှုတ် ဆက်ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် သွားဘက်ဆိုင်ရာဆေးတက္က သိုလ် (မန္တလေး) ကျောင်း သား ကိုဥက္ကာရွှေဝင်းက ပြောကြားသည်။

နှုတ်ဆက်ကန်တော့ပွဲသို့တက်ရောက်ရန် ရန်ကုန်၊ နေပြည်တော် အပါ အ ဝင် နိုင်ငံအနှံ့အပြားမှ လူငယ်၂၂၀၀ခန့် စာရင်းပေးထားပြီး မတ်လ ၅ရက်နေ့ တွင် နှုတ်ဆက်ကန်တော့မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။





“နှုတ်ဆက်ကန်တော့ပွဲမှာ ဒေသအသီးသီးကလာတဲ့လူငယ်တွေက သမ္မတကြီး ကို ဒေသထွက်ပစ္စည်းတွေ လက်ဆောင်ပေးဖို့လည်းရှိပါတယ်။ သိပ်တန်ဖိုးမ များတဲ့ ရိုးရာပစ္စည်းတွေလိုမျိုးပေါ့” ဟု ကိုဥက္ကာရွှေဝင်းက ရှင်းပြသည်။


မူလအစီအစဉ်အရ သမ္မတဦးသိန်းစိန်ကို နှုတ်ဆက်ကန်တော့ရာ ၌ ရွှေဖြင့်ပြု လုပ်သော မြန်မာနိုင်ငံမြေပုံတစ်ခုကို ကန်တော့ပစ္စည်းအဖြစ် ထည့်သွင်းရန်လျာ ထားသော်လည်း တန်ဖိုးကြီးပစ္စည်းများကို လက်ခံမည် မဟုတ်ဟု သမ္မတဦး သိန်းစိန်ကအကြောင်းပြန်သဖြင့် ယင်းသို့တန်ဖိုးမများ သည့် အမှတ်တရ ပစ္စည်း များကို ကန်တော့လက်ဆောင်အဖြစ် ပေးအပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း အဆိုပါ အခမ်းအနားစီစဉ်သူများထံမှသိရသည်။

သမ္မတဦးသိန်းစိန်နှုတ်ဆက်ကန်တော့ပွဲသို့ မြို့ပေါင်း ၅၀ဝန်းကျင်မှ လူငယ် ၂၂၀၀ခန့်တက်ရောက်မည်ဖြစ်ပြီး မတ်လ ၅ရက်နေ့ နေ့လယ်ပိုင်း ၌ သမ္မတ အိမ်တော်သို့လေ့လာခြင်း၊ ညနေပိုင်းတွင် သမ္မတဦးသိန်းစိန်ကို ကန်တော့ခြင်းနှင့် နှုတ် ဆက်ကန်တော့သူလူငယ်များကို သမ္မတဦးသိန်း စိန်က ညစာဖြင့်ဧည့်ခံခြင်းအစီအစဉ်များပါဝင်ကြောင်း အဆိုပါအခမ်း အနားစီစဉ်သူ များထံမှ ထပ်မံသိရှိရသည်။


နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်မိသားစုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ရွေးကောက်ပွဲရှုံးနိမ့်ပြီးနောက်ပိုင်းတွင် သမ္မတအိမ်တော် မှ နေပြည်တော် ရှိ ကိုယ်ပိုင်နေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး မတ်လ ၃၀ရက်နေ့တွင် အစိုးရသစ်သို့ အာဏာလွှဲပြောင်းပေး မည်ဖြစ်ကြောင်း ကြေ ညာထားသည်။


Credit>>>The Voice Weekly 



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment