Wednesday, 16 March 2016

သူရဲကောင်းဆိုတာဇွဲ လုံ့လ ကြံ့ခိုင်မှုသာ

လူတွေဟာ ဘဝအတွက် စစ်ပွဲတွေအများကြီးတိုက်ရတယ်။ ဘဝအတွက် 

လူတိုင်း ပေးဆပ်ရတယ်။ ဒါပေမယ့် ပေးဆပ်တိုင်း မျှော်မှန်းထားတဲ့ အကျိုး

ရလဒ်ကို ခံစားကြရမှာ မဟုတ်ပါဘူး။ စိတ်ကူးအိပ်မက်တွေ ပြိုကွဲရင်လည်း 

ပြိုကွဲမယ်၊ ကျရှုံးခြင်းနဲ့ ရင်ဆိုင်ရင်လည်း ရင်ဆိုင်ရမယ်။ ဒါပေမယ့် တစ်ခါ

တလေမှာ လူတစ်ယောက်ရဲ့တန်ဖိုးက သူလုပ်ဆောင်ခဲ့တဲ့အလုပ်ရဲ့ 

နောက်ဆုံးရလဒ်ပေါ်မမူတည်ဘဲ ကြိုးစားအားထုတ်ခဲ့တဲ့ ဖြစ်စဉ်မှာပဲ 

မူတည်ခဲ့ပါတယ်။ ကြိုးစားနေဆဲမှာ ရှုံးနိမ့်တဲ့ဝေဒနာကိုလည်း ခံစားနိုင်သလို 

အောင်မြင်တဲ့ပျော်ရွှင်မှုကိုလည်း ခံစားနိုင်မယ်။ ဇွဲရှိရှိနဲ့ ကြံ့ကြံ့ခံနိုင်ဖို့ပဲ 

လိုခဲ့ပါတယ်။

ဆင်းရဲဒုက္ခတိုင်းဟာ စိတ်ဓာတ်အတွက် ကြီးမားတဲ့ခွန်အားတစ်ရပ်ဖြစ်

စေသလို လူ့ဘဝအတွက် အဖိုးတန်တဲ့အတွေ့အကြုံလည်းဖြစ်စေတယ်။ 

ဒါကြောင့် သူရဲကောင်းတစ်ဦးကို ရူံးနိမ့်တာ၊ အောင်မြင်တာနဲ့ အဖိုးဖြတ်လို့ 

မရပါဘူး။ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ သူကြိုးစားအားထုတ်ခဲ့

တယ်၊ ကြံ့ကြံ့ခံနိုင်ခဲ့တယ်ဆိုရင် လုံလောက်ပါပြီ။

သမိုင်းတစ်လျှောက်က သူရဲကောင်းတိုင်းဟာ အရာရာကို အောင်မြင်ခဲ့သူ

မဟုတ်သလို ပြေပြေပြစ်ပြစ် ဖြတ်ကျော်ခဲ့သူတွေလည်း မဟုတ်ခဲ့ပါဘူး။ 

တချို့က နှစ်ရှည်သမိုင်းတွေနဲ့ သက်သေပြပြီး၊ ရွေးချယ်ပြီးမှ သူရဲကောင်း

ဆိုတဲ့ဂုဏ်ပုဒ်ကို ရရှိခဲ့သူတွေဖြစ်တယ်။ ဒါကြောင့် လူ့ဘဝမှာ အရာရာ

တိုင်းကိုအောင်နိုင်တဲ့ စစ်သူကြီးဆိုတာ မရှိသလို အောင်နိုင်သူတိုင်းမှ 

သူရဲကောင်းဖြစ်တာ မဟုတ်ပါဘူး။ ရှုံးနိမ့်သူလည်း သူရဲကောင်း ဖြစ်ထိုက်ခဲ့

ပါတယ်။

သူရဲကောင်းရဲ့တကယ့်အဓိပ္ပာယ်က ဇွဲလုံ့လနဲ့ကြံ့ခိုင်မှုကို ပဓာနထားတဲ့ 

စိတ်ဓာတ်အာနိသင်ပဲဖြစ်ပါတယ် ................


Credit - နိုင်းနိုင်းစနေ





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment