ဟိုဘက်ကမ်းက မီးထိန်ထိန်
ယိုးဒယားတို့ အိမ်
ဒီဘက်ကမ်းက မီးမှိန်မှိန်
ကျနော်တို့နေတဲ့ အိမ်
ဒို့တိုင်းပြည် နွံနစ်လို့
ကျွန်ဖြစ်တော့ ငို
ပိုနေတဲ့ဓာတ်အားတွေ
တရုတ်ပြည် ရောင်းကာစားမည်
အကြွေးရယ် ကျေပါစေသား
သခင်ခေတ်ရဲ့ ကျွန်စနစ်
ဗိုလ်လုပ်ပြီး မအုပ်ချုပ်ခဲ့ဘူး
ကျုပ်တို့တွေ ကျွန်ဘဝမှာ
ဆင်းရဲတာမကြည့်ရက်လို့
အသက်ကိုစတေးပြီး
လွပ်လပ်ရေးကို ရယူခဲ့တယ်
အပူတွေစုနေတဲ့ရင်က
ဝေဒနာတွေ မဖြေသာလွန်းလို့
တမလွန်က အဘရေ
မေးပါရစေ အဘတို့ ကျွန်ခေတ်
ကျွန်စနစ်က ပညာရေးမှာ
အဘတို့လို သခင်မျိုးတွေ
မွေးဖွားခဲ့ပြီး သားတို့ သခင်ခေတ်ရဲ့
ပညာစနစ်မှာ ကျောင်းသားတွေ
ကျွန်ဖြစ်ခဲ့ရပြီ အဘရယ်.....
ကျောင်းနေရတာ ထောင်နန်းစံဖို့လား
ထောင်နန်းစံဖို့ ကျောင်းနေရတာလား အဘရယ်
တစ်ကောင်ဘွား(ဓာတ်တော်)
09442095465
Labels
- ကဗျာ (71)
- ကျန်းမာရေးဗဟုသုတ (158)
- ချစ်မှုရေးရာ (45)
- စာအုပ်စင် (14)
- နည်းပညာ (223)
- ပညာပေး သင်ခန်းစာ (3)
- ပညာရေး (6)
- ဗဟုသုတ (242)
- ဘာသာရေး (2)
- ဝတ္ထုတို (36)
- ဟာသ (117)
- အလှအပရေးရာ (1)
- ဆောင်းပါးများ (111)
- ပြည်ခိုင်ဖြိုး သတင်း (4)
Tuesday, 15 March 2016
အေးချမ်းပါစေ မြန်မာပြည်
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment