မိမိသည် မည်သူ တစ်ဦးတစ်ယောက်၏ အကူအညီကိုမျှ မယူဘဲ အာဆင်နယ်ကို တည်ဆောက်ခဲ့သူဖြစ်ကြောင်း မန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။
အာဆင်နယ် အနေဖြင့် သက်တော်ရှည် ပြင်သစ် မန်နေဂျာကြီးကို ထုတ်ပယ်သင့်ပြီဆိုသော ပရိသတ် တောင်းဆိုမှုများ မြင့်တက်လာချိန်တွင် ၎င်းက ယခုလို တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း (၂၀)မျှ မိမိ၏ ကိုင်တွယ် ဦးဆောင်မှုမျိုး မရှိခဲ့ပါက အာဆင်နယ်သည် ယနေ့ အခြေအနေမျိုးတွင် ရပ်တည်နိုင်လိမ့်မည် မဟုတ်ဟု ဝင်းဂါးက ဆိုသည်။ ငွေရေးကြေးရေး အပါအဝင် ကောင်းမွန်သော အထောက်အပံ့များ မရခဲ့သည့်တိုင် အဆိုပါ နှစ်ပိုင်းများအတွင်း အာဆင်နယ်ကို မိမိ အကောင်းဆုံး ဦးဆောင်ခဲ့သည်ဟု ဝင်းဂါးက ထောက်ပြခဲ့သည်။
“ကျွန်တော့် စိတ်အားတက်ကြွမှုကို ဘယ်တုန်းကမှ သံသယ မရှိဘူး။ ကျွန်တော် ဒီကလပ်ကို ကြိုးကြိုးစားစား တည်ဆောက်ခဲ့ရတာ။ ပြင်ပ အထောက်အပံ့ကောင်းတွေ ဘာမှ မရှိဘဲ ပုံသွင်းယူခဲ့တာ။ ကျွန်တော် စရောက်တုန်းက အခြေအနေနဲ့ လက်ရှိ အသင်းကို ယှဉ်ကြည့်လေ။ အများကြီး တိုးတက်မှုတွေ ရှိလာတယ်။ ဒီအတွက် ကျွန်တော် ဘယ်သူ့ဆီကမှ ဘာအကူအညီမှ မယူခဲ့ဘူး။ အသင်းတိုးတက်ဖို့ ဘယ်သူမှ ပိုက်ဆံလာပေးခဲ့တာ မဟုတ်ဘူး”ဟု ဝင်းဂါးက ဆိုသည်။
၎င်းက “အခုအချိန်မှာ ကျွန်တော်ဟာ အသင်းကို စရောက်တဲ့ နေ့ကထက် ပိုတက်ကြွ၊ ပိုနိုးကြားနေတယ်။ ပြီးတော့ ဖိအားတွေ ပိုများလာတယ်လို့ ခံစားရတဲ့တိုင် အသင်းရဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကို ဆက်ဖော်ဆောင်ပေးဖို့ ကျွန်တော့်မှာ တာဝန်ရှိနေတုန်းပဲလို့လည်း ခံစားမိတယ်”ဟုလည်း ပြောကြားသွားသည်။
Credit – soccer myanmar
အောင်မြင့်မြတ်(Myanmar Youths)
Labels
- ကဗျာ (71)
- ကျန်းမာရေးဗဟုသုတ (158)
- ချစ်မှုရေးရာ (45)
- စာအုပ်စင် (14)
- နည်းပညာ (223)
- ပညာပေး သင်ခန်းစာ (3)
- ပညာရေး (6)
- ဗဟုသုတ (242)
- ဘာသာရေး (2)
- ဝတ္ထုတို (36)
- ဟာသ (117)
- အလှအပရေးရာ (1)
- ဆောင်းပါးများ (111)
- ပြည်ခိုင်ဖြိုး သတင်း (4)
Thursday, 17 March 2016
မည်သူ့ အကူအညီမျှ မယူဘဲ အာဆင်နယ်ကို တည်ဆောက်ခဲ့ဟု ဝင်းဂါးကြွေးကြော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment