ပုံမှန်ဒိုက်ထိုးတဲ့ လူတစ်ယောက်ဟာ ခန္ဓာကိုယ်ပိုမိုသန်မာပြီး အားနဲ့လုပ်ဆောင်ရတဲ့ ကိစ္စတွေမှာ ပိုမိုစွမ်းဆောင်လာနိုင်ပါတယ်။
၁ - ကာကွယ်ပေးတယ်
နေ့စဉ်ဒိုက်ထိုးခြင်းဟာ ခါးနာတာတွေ၊ ကျောကုန်းနာတာတွေ ဖြစ်လာမှာကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။
၂ - စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်စေ
ခန္ဓာကိုယ်မှာ တင်းတောင့်နေတာတွေ ပြေလျော့စေပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း သက်သောင့်သက်သာ ရှိစေပါတယ်။
၃ - ပိုပြီး ပျော့ပျောင်းလာမယ်
ကြွက်သားတွေ၊ ခြေချောင်းတွ ပိုမို ပျော့ပျောင်းလာပါမယ်။
၎ - ခန္ဓာကိုယ် အားပိုကောင်းလာမယ်
ခြေထောက်တစ်ဖက်တည်းရပ်ကြည့်တဲ့အခါ စက္ကန့်ပိုင်းလောက်ပဲ ရပ်နိုင်တာကို သင်တွေ့ရပါမယ်။ နေ့စဉ်ပုံမှန် ဒိုက်ထိုးပြီး ရပ်ကြည့်ရင် အကြာကြီးရပ်နိုင်တာကို တွေ့ရပါမယ်။ ပုံမှန်ဒိုက်ထိုးတဲ့ လူတစ်ယောက်ဟာ ခန္ဓာကိုယ်ပိုမိုသန်မာပြီး အားနဲ့လုပ်ဆောင်ရတဲ့ ကိစ္စတွေမှာ ပိုမိုစွမ်းဆောင်လာနိုင်ပါတယ်။
၅ - ခန္ဓာကိုယ်အနေအထား
ခန္ဓာကိုယ်ပုံစံ မှန်လာပါတယ်။ သင့်ရဲ့ ကျောရိုးပုံစံ ပိုဖြောင့်လာပါတယ်။
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment