Friday, 25 March 2016

  ဒဂုံမြို့သစ်(တောင်ပိုင်း)ပြည်ခိုင်ဖြိုးပါတီရုံးတွင် အမျိုးသမီးထုကွန်ပျူတာ အသုံးချမှုသင်တန်းဖွင့်







ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ အမျိုးသမီးထု ကွန်ပျူတာအသုံးချမှု သင်တန်း အမှတ်စဉ်(၁)ကို ယနေ့ နံနက် ၈ နာရီက ဖွင့်လှစ်သည်။ 
အဆိုပါအခမ်းအနားသို့ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီး အတွင်းရေးမှူးဦးသာဝင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်စန်းစန်းဝင်း၊ခရိုင်ပါတီအတွင်းရေးမှူးဦးစိန်မြင့်၊ ခရိုင်ပါတီကော် မတီဝင်ဦးဝဏ္ဏမျိုး၊ ဒဂုံမြို့သစ်(တောင် ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာယက ဒေါက်တာခင်မောင်ထွန်းနှင့်ဇနီး ဒေါ်ဥမ္မာသန်း၊ မြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်း ရေး မှူးဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက် ပါတီကော်မတီဝင်များနှင့်သင်တန်း သား သင်တန်းသူများ စုစုပေါင်း ၈ဝ တက်ရောက်ခဲ့သည်။



အောင်မြင့်မြတ်(Myanmar Youths)


No comments:

Post a Comment