မှုန်ရီဝိုးတ၀ါးနဲ့
ငါ့ညနက်တွေထဲမှာ
အလင်းမရတော့တာကြာခဲ့ပြီ ...
မင်းအကြင်နာတွေနဲ့
ထွန်းလင်းမယ်ထင်ခဲ့တဲ့လမင်းလည်း
ငါ့အနားက ပျောက်ကွယ်သွားခဲ့တာသိပ်ကြာပြီ ...
မင်းချစ်ခြင်းတွေကို ငံ့လင့်ရင်း
စောင့်ဆိုင်းခဲ့ရတဲ့ အမှောင်ညတွေကလည်း
အလင်းရောင်ဖျော့ဖျော့တွေ့လာရမယ့်အစား
အမှောင်ထုကပဲ ပိုပိုပြီး နက်ရှိုင်းလာခဲ့တဲ့အခါ
ယုံကြည်ထားခဲ့သမျှ
ရောင်ပြန်ဟပ်ပါတယ်ဆိုစကားကလည်း
သံသယတွေကြားမှာ
တဖြည်းဖြည်းတိုက်စားခံနေရလိုက်တာ
မှုန်ပျပျမျှော်လင့်ချက်လေးတောင်မရှိတော့ဘူး ...
မုန်း (BeeTalk)
အောင်မြင့်မြတ်(Myanmar Youths)
Labels
- ကဗျာ (71)
- ကျန်းမာရေးဗဟုသုတ (158)
- ချစ်မှုရေးရာ (45)
- စာအုပ်စင် (14)
- နည်းပညာ (223)
- ပညာပေး သင်ခန်းစာ (3)
- ပညာရေး (6)
- ဗဟုသုတ (242)
- ဘာသာရေး (2)
- ဝတ္ထုတို (36)
- ဟာသ (117)
- အလှအပရေးရာ (1)
- ဆောင်းပါးများ (111)
- ပြည်ခိုင်ဖြိုး သတင်း (4)
Wednesday, 16 March 2016
ဝိုးတဝါးညတွေထဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment