စာသင်ခန်းထဲ စာသင်နေတာကို ဘိုဘို စိတ်မ၀င်စားဘူးဆိုတာ ဆရာမ မြင်လိုက်တော့ ဆရာမက သူ့ကို လှမ်းမေးလိုက်ပါတယ်။
“ခြံစည်းရိုးပေါ်မှာ ငှက် ၃ ကောင်နားနေလျှင် တစ်ကောင်ကို ပစ်လိုက်ရင် ဘယ်နှကောင် ကျန်မလဲ။”
"တစ်ကောင်မှ မကျန်ပါဘူး"လို့ ဘိုဘိုက ဖြေတယ်။
ဆရာမက မေးလိုက်တယ် “ဘာလို့ လဲ ”
ဘိုဘိုကပြန်ပြောတယ် “သေနတ်သံကြားတော့လန့်ပြီး ပျံပြေးသွားလို့ပါ” တဲ့
ဆရာမကပြန်ပြောတယ် “မဟုတ်ဘူး။နှစ်ကောင်ကျန်တယ်..လို့ ဖြေရမှာ..။ဒါပေမယ့် မင်းတွေးပုံလေးကိုတော့ သဘောကျပါတယ်။”
အဲ့နောက် ဘိုဘိုက ဆရာမကို ပြန်မေးပါတယ်။
“ရေခဲမုန့်ဆိုင်ထဲကနေ အမျိုးသမီး ၃ ယောက်ထွက်လာတာကို ဆရာမ မြင်တယ်ဆိုရင်။အမျိုးသမီးတစ်ယောက်က ရေခဲမုန့်ကို လျှာနဲ့လျက်နေတယ်။ တစ်ယောက်ကတော့ ရေခဲမုန့်ကို စုပ်နေတယ်။ နောက်တစ်ယောက်ကရေခဲမုန့်ကို ကိုက်စားနေတယ်။အဲဒီ သုံးယောက်ထဲမှာ ဘယ်အမျိုးသမီးက အိမ်ထောင်ရှင်မလဲ။”
ဆရာမကပြန်ဖြေပါတယ် “ရေခဲမုန့်ကို စုပ်နေတဲ့ အမျိုးသမီး ”တဲ့
အဲဒီမှာ ဘိုဘိုက“ မဟုတ်ပါဘူး ဆရာမ ။အဖြေမှန်က လက်ထပ်လက်စွပ်ဝတ်ထားတဲ့ အမျိုးသမီးပါ။ဒါပေမယ့် ဆရာမ တွေးပုံလေးကိုတော့ သဘောကျတယ်။”
KKK(beetalk )
အောင်မြင့်မြတ်(Myanmar Youths)
Labels
- ကဗျာ (71)
- ကျန်းမာရေးဗဟုသုတ (158)
- ချစ်မှုရေးရာ (45)
- စာအုပ်စင် (14)
- နည်းပညာ (223)
- ပညာပေး သင်ခန်းစာ (3)
- ပညာရေး (6)
- ဗဟုသုတ (242)
- ဘာသာရေး (2)
- ဝတ္ထုတို (36)
- ဟာသ (117)
- အလှအပရေးရာ (1)
- ဆောင်းပါးများ (111)
- ပြည်ခိုင်ဖြိုး သတင်း (4)
Tuesday, 22 March 2016
တွေးပုံလေးတော့သဘောကျပါတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment