Tuesday, 22 March 2016

ဖုန်းငွေဖြည့်ခြင်းများအတွက် ကုန်သွယ်ခွန်

မင်္ဂလာပါ

ကျွန်တော် အခုပြောပြမှာက သူငယ်ချင်းတို့ ၂၀၁၅ ဇွန်လက စတင်ကာ ဖုန်းငွေဖြည့်သူတိုင်း ကုန်သွယ်လုပ်ငန်းခွန် ( ၅ ) ရာခိုင်နှုန်း ကောက်ခံမည်ဟု ကြေငြာခဲ့သော်လည်း ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ် အတွင်း ကုန်သွယ်ခွန် ( ၅ ) ရာခိုင်နှုန်းကို ကင်းလွတ်ခွင့် ပြုရန် လွှတ်တော်မှပြန်လည်ဆုံးဖြတ်ခဲ့သည်။

မြန်မာပြည်တွင်း လုပ်ကိုင်လျှက်ရှိသော အော်ပရေတာများ ဖြစ်သည့် တယ်လီနော မြန်မာ / အောရီဒူး မြန်မာ / မြန်မာ့ ဆက်သွယ်ရေး MPT တို့က ကောက်ခံခြင်း ကိစ္စ ဆိုင်းငံ့ကာ ကုန်သွယ်ခွန် ကောက်ခံမည့်ရက်ကို ထပ်မံကြေငြာမည်ဟု သတင်းထုတ်ပြန်ခဲ့ကြပါသည်။

ဖုန်းငွေဖြည့်ခြင်းအပေါ် ကုန်သွယ်ခွန် ( ၅ ) ရာခိုင်နှုန်း ယခု ၂၀၁၆ ဧပြီ ( ၁ ) ရက်နေ့တွင် စတင်ကောက်ခံတော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း စီးပွားရေး ဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက တရားဝင်ပြောကြားခဲ့သည်။

အခွန်ကောက်ခံမှု ပုံစံအရ ဖုန်းဘေ ( ၁၀၀၀ ) ကျပ် ဖြည့်ပါက အခွန်တန်ဖိုး ( ၄၈ ) ကျပ် နှုတ်ယူကာ ( ၉၅၂ ) ကျပ် သုံးစွဲသူက အသုံးပြုခွင့် ရရှိပါမည်။

ဖုန်းဘေ ( ၃၀၀၀ ) ဖြည့်သွင်းပါက - ၂၈၅၇ ကျပ်

ဖုန်းဘေ ( ၅၀၀၀ ) ဖြည့်သွင်းပါက - ၄၇၆၂ ကျပ်

ဖုန်းဘေ ( ၁၀၀၀၀ ) ဖြည့်သွင်းပါက ၉၅၂၄ ကျပ်

ဖုန်းဘေ ( ၂၀၀၀၀ ) ဖြည့်သွင်းပါက - ၁၉၀၄၈ ကျပ် သုံးစွဲသူက အသုံးပြုခွင့် ရရှိမည် ဖြစ်ပါသည်။

နိုင်ငံတကာလည်း အခွန်ကောက်ခံခြင်းများ ရှိပါတယ်။ မြန်မာပြည်မှာတော့ ၂၀၁၆ ဧပြီ ( ၁ ) ရက်နေ့တွင် စတင်ကောက်ခံမည် ဖြစ်ကြောင်း သိရပါသည်။

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး ( နည်းပညာ )

No comments:

Post a Comment