Wednesday, 16 March 2016

ပြည့်စုံပျော်ရွှင်တဲ့ဘဝဆိုတာဒါတွေနဲ့ဖွဲ့စည်းထားတာပါ



ပြည့်စုံပျော်ရွှင်တဲ့ဘဝဆိုတာ ဒါတွေနဲ့ ဖွဲ့စည်းထားတာပါ

၁။ အလုပ်တွင်မှု

ဘယ်လောက်ပဲ အလုပ်ကိုကြိုးစားလုပ်နေပါစေ၊ အလုပ်မတွင်ရင် ဘယ်သူမှမပျော်ရွှင်ကြပါဘူး။ ဘဝကစားပွဲမှာ အမြဲတမ်းရုန်းကန်လှုပ်ရှားနေရတာကမှန်ပေမယ့် ကိုယ်လုပ်နေတဲ့အရာတွေက ထိရောက်ရဲ့လားဆိုတာကိုလည်း မကြာခဏစမ်းစစ်သင့်ပါတယ်။ အလုပ်တွင်ဖို့အတွက် တစ်ခါတစ်လေ "Working hard" ထက် "Working smart" လုပ်သင့်ပါတယ်။

၂။ မိတ်ဆွေကောင်းများ

မိတ်ဆွေကောင်းတွေဆိုတာ ဘဝရဲ့အကောင်းဆုံးအထောက်အပံ့တွေပါ။ ဒါ့ကြောင့် မိတ်ဆွေသစ်တွေတိုးပွားဖို့ ဘယ်တော့မှ မငြင်းဆန်လိုက်ပါနဲ့။ မိတ်ဆွေကောင်းရှိခြင်းရဲ့ ကောင်းကျိုးက ဘယ်အရာနဲ့မှ ယှဉ်လို့မရပါဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ယဉ်ကျေးမှုဓလေ့

ရှင်သန်ရာဘဝထဲမှာ ဘာသာစကား၊ ဂီတ၊ ပွဲတော်၊ ရိုးရာဓလေ့နဲ့ ရိုးရာဝတ်စုံစတဲ့ ယဉ်ကျေးမှုဆိုင်ရာတွေက အရမ်းကို အရေးပါပါတယ်။ ဒီယဉ်ကျေးမှုကပဲ ကျွန်မတို့ကို လမ်းမှန်ပြပေးတယ်၊ စိတ်ခွန်အားတွေပေးတယ်၊ ပြီးတော့ ပြိုင်ဘက်ကင်းသူတစ်ယောက်ဖြစ်အောင် လှုံ့ဆော်ပေးတယ်။

၎။ ဘာသာတရားကိုင်းရှိုင်းမှု

လူတစ်ယောက်ရဲ့ စိတ်ဓာတ်တိုးတက်မှုကိုအခြေတည်ပေးတဲ့ အဓိက အုတ်မြစ်တစ်ခုဖြစ်ပါတယ်။ ဘယ်လောက်ပဲခေတ်မီတဲ့ပညာတွေကို လေ့လာနေပါစေ၊ ဘာသာရေးကိုင်းရှိုင်းမှုကို မဆုတ်ယုတ်ပါစေနဲ့။ ဘယ်ဘာသာတရားမဆို ဘာသာရေးအသိအမြင်ကပဲ လူတွေနဲ့ တိရစ္ဆာန်တွေကို ခွဲခြားပေးတာပါ။

Credit: GandaWin Magazine



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment