Sunday, 20 March 2016

ခေတ်သစ်စုန်းမ အပိုင်း(၁)


အပြည်ပြည်ဆိုင်ရာတရားရုံးအထိ တက်လာသော ထူးခြားဆန်းကြယ်လှ

သည့် အမှုတွဲအတွက် အပြည်ပြည်ဆိုင်ရာ တရားသူကြီးအဖွဲ့ဥက္ကဌ 

မစ္စတာဝေါလေ့စ်တစ်ယောက် အကြီးအကျယ် ဦးနှောက် ချောက်နေရလေ

သည်။ မစ္စတာဝေါလေ့စ် တစ်ဦးတည်းသာမဟုတ်၊ တရားသူကြီးအဖွဲ့

ဝင်အားလုံးနှင့် တရားရုံးဝန်ထမ်းများအားလုံးပင် မကြုံစဖူးထူးကဲလှသော 

ဆန်းကြယ်သည့် အမှုတွဲအတွက် ရင်ခုန် ထိတ်လန့်လျက်ရှိပေသည်။ 

အမှုတွဲကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးနှင့်တကွ ကမ္ဘာ့အဆင့် 

ရှိအဖွဲ့အစည်းများ၊ သမ္မတ၊ ဝန်ကြီးချုပ်ကဲ့သို့သော နိုင်ငံအသီးသီးမှ 

ခေါင်းဆောင်များအားလုံးကလည်း စိတ်ဝင်စားလျက်ရှိပေသည်။ 

အပြည်ပြည်ဆိုင်ရာ တရားသူကြီးအဖွဲ့အနေဖြင့် ယင်းအမှုတွဲကို 

မည်သို့အမိန့်ချမှတ်မည်ကိုလည်း ကမ္ဘာ့ လူထုတစ်ရပ်လုံးက မျက်လုံး

ဒေါက်ထောက် ကြည့်နေကြ၏။ 


အမှုတွဲမှာ အပြည်ပြည်ဆိုင်ရာတရားရုံးသို့ရောက်လာရာတွင် လာရိုး

လာစဉ်အတိုင်းမဟုတ်ဘဲ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အဆင့်မြင့် 

ပညာသည်များအဖွဲ့မှ တရားခံကို အမျိုးမျိုးစမ်းသပ်စစ်ဆေး ပြီးမှ တရားရုံး

သို့ လွှဲအပ်လိုက်ခြင်း ဖြစ်လေသည်။ သို့ဖြစ်၍ မစ္စတာဝေါလေ့စ်အနေဖြင့် 

တရားခံအား အပြစ်ပေးရာတွင် လက်လွတ်စပယ်ပြုလုပ်၍ရမည်မဟုတ်ပေ။ 

မိမိ၏အဖွဲ့ဝင်များနှင့် အပြန်အလှန်ညှိနှိုင်း ဆွေးနွေးကာ တရားမျှတ၍ 

ကမ္ဘာ့လူထုတစ်ခုလုံး လက်ခံနိုင်သော ပြစ်ဒဏ်မျိုးကိုချမှတ်မှသာ သင့်လျော် 

ပေလိမ့်မည်။ 


ဥက္ကဌမစ္စတာဝေါလေ့စ်ခေါင်းဆောင်သော အပြည်ပြည်ဆိုင်ရာတရားသူကြီး

အဖွဲ့သည် အကိုးအ ကားအဖြစ် စီရင်ထုံးများ၊ ကျမ်းကိုးများကို မရရအောင် 

ရှာဖွေခဲ့ရသည်။ ယခုကြုံတွေ့နေရသော အမှုတွဲမျိုးမှာ နှစ်ပေါင်းငါးရာ

အတွင်း၌ ပေါ်ပေါက်ဖူးခြင်း မရှိပါ၍ ကျမ်းကိုးပြုစရာ အချက်အလက်များကို 

ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပါပေ။ 

ယင်းသို့ဖြင့် အမှုတွဲမှာ မပြတ်ဘဲ သုံးနှစ်ခန့်ကြာသွားရလေသည်။ 

နိုင်ငံပေါင်းစုံ၏ တရားစီရင်မှုသမိုင်းကြောင်းကို နှစ်ပေါင်းတစ်ထောင်အထိ 

နောက်ကြောင်းပြန် လေ့လာသည့်အခါမှပင် ၁၈ ရာစုမှ ၂၀ ရာစုအတွင်း 

ပေါ်ပေါက်ခဲ့သော အမှုတွဲအချို့တွင် အလားတူ အမှုမျိုးကို တွေ့ရှိရလေတော့

သည်။ 

ထိုခေတ်ဟောင်းကာလများတုံးက ယခုကဲ့သို့သောတရားခံမျိုးအား အများ

လူထုရှေ့မှောက်တွင် မီးရှို့သတ်ဖြတ်ခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးကို မြေတွင်

မြှုပ်ကာ ဦးခေါင်းတစ်ခုသာဖော်ထားလျက် လူ အများက သေသည်အထိ 

ဦးခေါင်းအား ခဲများဖြင့် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခြင်း စသည်ဖြင့် အပြစ်ပေးခဲ့ 

ကြောင်းကို တွေ့ရလေသည်။ 

ထိုအပြစ်ပေးနည်းများမှာ အနောက်နိုင်ငံများမှ အပြစ်ပေးနည်းများဖြစ်ပြီး 

အရှေ့တိုင်းနိုင်ငံတစ်ခု ဖြစ်သော မြန်မာနိုင်ငံ၌မူ ညင်သာပျော့ပျောင်းသော

နည်းဖြင့်သာ အပြစ်ပေးခဲ့ကြောင်း တွေ့ရလေသည်။ 

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ပြစ်မှုမျိုးကို ကျူးလွန်သည်ဟု ယူဆရသူများအား 

လူနေရပ်ရွာ၏ ပြင်ပသို့နှင်ထုတ်ခြင်းဖြင့် ပြစ်ဒဏ်ခတ်ခဲ့ကြလေသည်။ 

(ကျေးလက်တောရွာများ၌ ရွာထဲတွင် မနေထိုင် စေဘဲ ရွာပြင်နှင်ထုတ်ကာ 

အပြစ်ပေးခြင်းမျိုး၊ တရားခံအား မခေါ်မပြော မဆက်ဆံဘဲ ပ-ထားခြင်းမျိုး 

ဖြစ်ပေသည်။) 


သာမန်အားဖြင့်ကြည့်လျှင် ပြစ်ဒဏ်မှာ ပျော့ပျောင်းသည်ဟု ယူဆရပေ၏။ 

တကယ်တမ်းတွင် လူ့အဖွဲ့အစည်းမှ ဖယ်ကျဉ်ခံရပြီး လူ့အသိုင်းအဝိုင်းသို့ 

ဝင်ခွင့်ပိတ်ပင်ခံရခြင်းမှာ ကာယကံရှင်၏ စိတ်ဓာတ်အား အကြီးအကျယ်

ညှိုးနွမ်းစေပါသည်။ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါသည်။ အဆိုပါ နည်းဖြင့် 

အပြစ်ပေးအရေးယူခံရသူသည် စိတ်ဓာတ်ညှိုးနွမ်းကာ တရိရိဖြင့် လုံးပါးပါး

သေဆုံးရဖွယ်သာ ရှိပေ၏။ 

အနောက်နိုင်ငံမှ ရက်စက်စွာသတ်ဖြတ်အပြစ်ပေးခြင်းထက် ပို၍ ထိရောက်သော 

ပြစ်ဒဏ်ခတ်မှု မျိုးပင် ဖြစ်ပေတော့သည်။ 

၂၀ရာစုအစပိုင်း မြန်မာနိုင်ငံတွင် “စုန်း”…အဖြစ် ယိုးစွတ်ခံရသူများအား 

အထက်ပါနည်းအတိုင်း ရပ်ရွာမှအပြစ်ပေးခဲ့ကြ သည်ကို လေ့လာတွေ့ရှိရပေ

သည်။ 

မှန်ပေသည်။ ယခုကြုံတွေ့နေရသော ထူးဆန်းသောတရားခံ 

ဒေါ်မိုးထက်ထက်ဂွက်ထော် သည်လည်း “စုန်းမ”အဖြစ် ယိုးစွတ်ခံထားရသူ 

ဖြစ်သည်။ ထို့ပြင် တိုက်ဆိုင်စွာဖြင့် မြန်မာနိုင်ငံမှ မြန်မာ လူမျိုးတစ်ယောက်လည်း 

ဖြစ်နေပါသေးသည်။ 


-------


ဆက်ပါဦးမည် ..............


Credit - ဆောင်းလုလင်



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment