မင်္ဂလာပါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သဃံ သရဏံ ဂစ္ဆာမိ
ကျွန်တော် အခုပြောပြမှာ အခုကာလ ညီမငယ် အမများ ဝတ်စားဆင်ယင်မှုများမှာ မောင်နဲ့ နှမ သားနဲ့ အမိ အမြင်မတော် အဖော်အချွတ် အတိုအပြတ်များ ဝတ်စားဆင်ယင်လာကြတယ် မြန်မာ့ ယဉ်ကျေးမှုနဲ့ သွေဖယ်လာတယ် ဘုရား ကျောင်းကန် / ရဟန်း သံဃာ / မိဘ ဆရာသမားရှေ့ အရှက်အကြောက် ဟီရိသြတ္တပ ကင်းမဲ့လာကြတယ် ဒါလေးတွေ အသိတရားထား အမှားမြင် အမှန်ပြင်စေချင်ပါတယ်
* * * * * * *
*** အတိုအပြတ် ဝတ်ဆင်သူ မိန်းကလေးများသို့ ***
ရွာကြီးတစ်ရွာမှာ ထူဆန်းတဲ့အဘိုးအို
တစ်ယောက်ရှိတယ်။ သူ့ မှာသိပ်လှတဲ့ မြေးမလေး တစ်ယောက်လည်းရှိတယ်။
အဘိုးအိုဟာ သိပ်ကျွမ်းကျင် သိပ်တော် သိပ်ထက်လှတဲ့ မျက်လှည့်ပညာကို ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီ ပညာရပ်နဲ့ပဲ အသက်မွေးမှုပြုခဲ့တယ်။ သူ့ မြေးမလေးကိုလည်း အဲ့ဒီပညာတွေ သင်ပေးတယ်။ တစ်နေ တော့ လူစည်ကားတဲ့ နေရာမှာ မျက်လှည့်ပြတာပေါ့။
ပန်းပွင့်ကနေ ငွေစက္ကူ ဖြစ်တာတွေ
ကြိုးကနေ မြွေဖြစ်သွားတာတွေ စတဲ့ ပြကွက်မျိုးစုံကို ပြနေတာပေါ့။
အားလုံးပြပြီးပြီဆိုရင် ပရိသတ်ပေးတဲ့ ငွေကိုပဲယူတယ်။
အခုပြတဲ့ပြပွဲမှာ အဘိုးအိုက ထူးဆန်းတဲ့ စကားတစ်ခွန်းကို ပြောတယ်။
မျက်လှည့်ပညာဆိုတာ မှော်ပညာ မဟုတ်သလို တန်ခိုး စွမ်းအားတွေ မရှိပါဘူး။ လိမ်တာလည်း မဟုတ်ပါဘူး။
မျက်လှည့်ပညာမှာ လျှို့ဝှက်ချက်တွေရှိတယ်။
အဲ့ဒီ လျှို့ဝှက်ချက်တွေကို
မသိလို့သာ ခင်ဗျားတို့လာကြည့်ကြတာ
ဖြစ်တယ်။ ဒီနေ့ မျက်လှည့်ပညာရဲ့
လှူိ့ဝှက်ချက်တွေကို ပြောပြပါမယ်။
ပရိသတ်ဟာ အင်မတန်မှ စိတ်ဝင်စားသွားတယ်။
ကြိုးကနေ ဘယ်လို မြွေဖြစ်သွားတယ်။
ပန်းကနေ ဘယ်လို ငွေစက္ကူတွေ
ဖြစ်သွားတယ် စသည်ဖြင့်ပေါ့ ခဏကြာတော့ အဘိုးအိုဟာ လျှို့ဝှက်ချက်တွေကို အကုန်ရှင်းပြသွားခဲ့တယ်။
ပရိသတ်လည်းပြောတုန်း
ခဏတော့ စိတ်ဝင်စားတာပေါ့
သိလည်းသွားရော " သြော် ဒီလိုလုပ်တာလား ဒါလေးများ " ဟု မျက်လှည့်ပညာကို စိတ်မဝင်စားတော့ဘူးပေါ့။
နောက်တစ်နေ့ မြေးမလေးကို ခေါ်ပြီး မျက်လှည့်သွားပြတာပေါ့ ပရိသတ် တစ်ယောက်မှ
မလာချေတော့ဘုး။
အဘိုးအိုက မြေးလေးရေ -
" ပရိသတ်တစ်ယောက်မှမလာပါလား? ဘာကြောင့်လဲ? "
မြေးမလေးက -
" အဘိုးကမနေ့က ပွဲမှာ လျှို့ဝှက်ချက်တွေ အကုန်ပြောပြလိုက်တာကို ဘယ်သူက စိတ်ဝင်စားတော့မှာလဲ။
အဘိုးအိုက -
" အေး ဟုတ်တယ် မြေးလေး အဘိုးအို တစ်သက်လုံး ကျွေးမွေးခဲ့တဲ့
ပညာ အခုတော့ လျှို့ဝှက်ချက်လည်း ပြလိုက်ရော ဘယ်သူကမှ စိတ်မဝင်စားတော့ဘူး / တန်ဖိုးလည်းမရှိတော့ဘူး။
မြေးလေလည်းမှတ်ထားပါ
လျှို့ဝှက်ချက်ဖြစ်တဲ့
မြေးလေးရဲ့ခန္ဓာကိုယ်အလှကိုလည်း ဘယ်သူကိုမှ မပြရဘူးကွဲ့။ လျှို့ဝှက်ထားရမယ်
ဒါဆို မြေးလေးရဲ့ မိန်းကလေး အလှဟာ တန်ဖိုးကြီးတယ်ကွဲ့။
ဒူးဖော် ပေါင်ဖော် ရင်သားတွေပေါ်နေရင် ဘယ်သူ မှ စ်တ်မဝင်စားတော့ဘဲ တန်ဖိုးမရှိ ဖြစ်သွားလိမ့်မယ်။ ပြတုန်း ခဏပဲ သူတို့က တန်ဖိုးထားကြတာ
ဒါကြောင့် အဝတ်စားကို လုံလုံခြုံခြုံဝတ်ပါ ။
အဘိုးအိုဟာ သူ့ပညာနဲ့ရင်းပြီးတော့ မြေးလေးကို ဆုံးမခဲ့တယ်။
ညီမငယ် အမငယ်တို့လည်း
အဘိုးအိုရဲ့ဆုံးမစကားကို နားလည်နိုင်ပါစေ
အရှင်နာယက ( ဗုဒ္ဓတက္ကသိုလ် ) ဆီမှ ကူးယူဖော်ပြလိုက်ပါသည်
ဆရာတော် ကျန်းမာ ချမ်းသာပါစေ နိဗ္ဗာန် မဂ်ဖိုလ် မျက်မှောက်ပြုနိုင်ပါစေ
* * * * * * *
အမျိုးဘာသာ သာသနာ သစ္စာရှိပါမည်
ဘာသာတူရာ ဆိုင်မှာသာ ဈေးဝယ်ယူပါမည်
ဘာသာတူရာ အချင်းချင်းသာ ဖူးစာရွေးပါမည်
* * * * * * *
အဆင်ပြေပါစေ
No comments:
Post a Comment