Seflie ဟာ နေ့စဉ်သုံးစကားလုံး တစ်ခုလိုဖြစ်လာပြီးပျိုပျိုမေမေကအစ ကလေးလူငယ်အလယ် လူကြီးသူမအဆုံးလူတိုင်းအားလုံးနီးပါး Seflieပုံရိပ်တွေရိုက်လေ့ရှိပါတယ်။အဲ့ဒါကြောင့်မိုဘိုင်းလ်ဈေးကွက် လိုအပ်ချက်တွေအရ
စမတ်ထုန်းထုတ်လုပ်ရေး ကုမ္ပဏီတွေဟာရှေ့ဘက်ကင်မရာကို အလေးထားထုတ်လုပ်
မိတ်ဆက်လာကြပါတယ်။အခုဆိုရင် တရုတ်ပြည်အခြေစိုက်Oppo အနေနဲ့Selfieပုံရိပ်ရိုက်ကူးမှုကို
အလေးပေးဖန်တီးထားတဲ့F1 ဖုန်းကို မကြာသေးမီက ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။
ဒီ ဖုန်းဟာ ယခင်ထွက်ရှိခဲ့တဲ့စမတ်ဖုန်းတွေနဲ့ ဒီဇိုင်းပိုင်းကွာခြားချက်သိပ်မရှိပါဘူး။သတ္တုစပ်နဲ့ ဖုန်းကိုယ်ထည်ကိုပြုလုပ်ထားပြီး၊ လေးထောင့်ပုံစံ ကျောကင်မရာကို ဖုန်းထိပ်ဆုံးနားမှာ တပ်ဆင်ထားတာကို တွေ့ရပါတယ်။ ဖုန်းရဲ့ဘယ်ဘက်မှာ အသံအတိုးအကျယ်ခလုတ်ရှိပြီး၊ ညာဘက်မှာတော့ ပါဝါခလုတ်နဲ့ ဆင်းကတ်ကောမမ်မိုရီ ကတ်ပါ ထိုးနိုင်တဲ့ နှစ်မျိုးသုံး ကတ်အပေါက်ပါရှိပါတယ်။ အနောက်ဘက်ကင်မရာကတော့13 MP ဖြစ်ပါတယ်။
8MP ရှိရှေ့ကင်မရာကပါ။ အလင်းရောင်သိပ်မရချိန်မျိုးမှာတောင်အရှေ့ဘက်ကင်မရာနဲ့ ရိုက်ကူးဖို့အတွက် screen flash ပါဝင်ပါတယ်။ အဲ့တာကတော့ ဖုန်းဖန်သားပြင်တစ်ခုလုံး လင်းလာပြီး ဖလက်ရှ်မီးတစ်လုံးလို လုပ်ဆောင်ပေးတာပါ။ အလွယ်တကူကင်မရာရိုက်ကူးနိုင်ဖို့အတွက် အသံနဲ့ စေခိုင်းရိုက်ကူးစနစ်လည်းပါဝင်တာကို တွေ့ရပါတယ်။ ကင်မရာပိုင်းကတော့ အားရဖို့အတော်ကောင်းတဲ့စမတ်ဖုန်းတစ်လုံးပါပဲ။
ဒီဖုန်းမှာတော့ ၇၂၀ X ၁၂၈၀ ရုပ်ထွက်ကိုခံစားနိုင်ပါတယ်။ အကြမ်းခံတဲ့Gorilla Glass 4 ဖန်သားပြင်အသုံးပြုထားပါ။မျက်နှာပြင်အရွယ်အစားကတော့ငါးလက်မအရွယ် မျက်နှာပြင်ပါ။
အနေတော်မျက်နှာပြင်ဖြစ်တဲ့အပြင်သွားလေရာအလွယ်တကူသယ်ဆောင်သွားနိုင်ပါတယ်။
ကြာရှည်ခံအသုံးပြုနိုင်ဖို့2500mAhဘက်ထရီအသေ အသုံးပြုထားပြီး၊ အလယ်အလတ်တန်းစားဖုန်းအနေ့နဲ့ဆိုအားရစရာပါ။
ဘက်ထရီအသေဖြစ်တာကြောင့် ဖြုတ်တပ်လို့တော့ မရပါဘူး
Android Lollipop စနစ်ကို အခြေခံထားတဲ့ Oppo ရဲ့Color OS ကိုအသုံးပြုထားပါတယ်။ ဖုန်းဖန်သားပြင်ကို နှစ်ချက်ပုတ်လိုက်တာနဲ့ ပွင့်လာတာ၊ပိတ်သွားတာအပြင်တစ်ခြားလုပ်ဆောင်ချက်တွေလုပ်နိုင်ပါတယ်။
ဖုန်းမှာ 1.2 GHz octa-core Snapdragon 616 ပရိုဆက်ဆာ၊ RAM 3GB ၊ ဖုန်းတွင်းဒေတာသိုလှောင်နိုင်မှု မှတ်ဥာဏ်16 GB တို့ ပါဝင်ပြီး 128 GB အထိရှိတဲ့ မမ်နိုရီ ကတ် ထပ်မံထိုးစိုက်နိုင်ပါတယ်။ ဖုန်းတစ်လုံးရဲ့ပေါင်းစပ်ပါဝင်မှုတွေအားလုံးအစုံအလင်ပါဝင်ပါတယ်။
Price – 299000 Ks
09 – 73222888
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment