Sony Xperia M2 ဟာ Xperia M ရဲ့ follow-up mid-range ဖုန်းတစ်လုံးဖြစ်ပြီး Micro-SIM အမျိုးအစား စမတ်ဖုန်းဖြစ်ပါတယ်။ Xperia M2 ဟာ high-end ဖြစ်တဲ့ Xperia Z2 နဲ့ အတော်လေးတူညီနေပြီး Z series တွေမှာ သုံးထားတဲ့ဈေး အရမ်းမြင့်တဲ့  hardwares တွေတော့ မပါဝင်တာတွေ့ရပါတယ်။ မျက်နှာပြင်လည်း အရမ်းကြီးမားမနေဘဲ ၄.၈ လက်မအရွယ် Display ကြောင့် ပေါ့ပေါ့ပါးပါးသုံးလို့အဆင်ပြေပါတယ်။ Sony ရဲ့ ဒီဇိုင်းလှပမှုကြောင့် Xperia M2 ဟာ ထင်ရှားနေတာဖြစ်ပြီး သုံးပေးထားတဲ့ကင်မရာအရည်အသွေးဟာလည်း ကျောဘက်ကင်မရာအတွက် 8MP နဲ့ ရှေ့ဘက်ကင်မရာအတွက် 0.3MP VGA ကင်မရာတို့ဖြစ်ပါတယ်။ ဖုန်း တွင်းသိုလှောင်မှုပမာဏ 8GB, RAM 1GB တို့ကိုထည့်သွင်းထားပြီး Android OS 4.3 (Jelly Bean) run ထား ပါတယ်။ Sony Xperia M2 မှာ ဖြုတ်/တပ်လို့မရတဲ့ Li-ion 2300mAh ဘက်ထရီတပ်ဆင်ထားပြီး 3G ကွန်ရက်မှာ ၁၄ နာရီကြာ စကားပြောနိုင်ပါတယ်။ M2 မှာ Accelerometer, Proximity, compass စတဲ့ sensors တွေပါဝင်ပါတယ်။
Design & Build
Sony Xperia M2 ရဲ့ ဒီဇိုင်းကရိုးရှင်းပြီး လေးထောင့်ကျတဲ့စမတ်ဖုန်းဒီဇိုင်းဖြစ်ပါတယ်။ ဖန်သားကို ရှေ့မျက်နှာ ပြင်နဲ့ ကျောပြင်ကိုပါ ထည့်သွင်းတည်ဆောက်ထားပြီး ဘေးထောင့်တွေကိုတော့ သတ္တုဆန်ဆန်မြင်တွေ့နိုင် အောင် ပြုလုပ်ထားပါတယ်။ M2 ဟာ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးမှန်းသိသာနေရုံသာမက ဖန်သားနဲ့သတ္တု ပေါင်းစပ်ထားတဲ့ဒီဇိုင်းကြောင့် flagship တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ဒီဇိုင်းကို ပိုင်ဆိုင်ထားပါတယ်။ Xperia Z ရဲ့ ဒီဇိုင်းနဲ့လည်းသွားတူနေပြီး Z ဖုန်းတွေလိုတော့ waterproofing နည်းပညာမပါဝင်ပါဘူး။ 8.6mm အထူနဲ့ ပါးလွှာနေပြီး မျက်နှာပြင်ဘေးဘောင်တွေကတော့ အတော်လေးကြီးမားနေတာ တွေ့ရပါတယ်။ M2 ရဲ့ ရှေ့ မျက်နှာပြင်မှာ Physical buttons တွေ ပါဝင်ခြင်းမရှိဘဲ ကျောဘက်မှာ ကင်မရာနဲ့ LED Flash တို့ကို တွေ့နိုင် ပါတယ်။ Sony ရဲ့ အ၀ိုင်းပုံစံပါဝါခလုတ်ကို ညာဘက်ခြမ်း အလယ်နားမှာတပ်ဆင်ထားပြီး ဆင်းကတ်နဲ့ SD ကတ်အပေါက်တို့ကို ပိတ်ပေးထားတဲ့ အဖုံးရဲ့အောက်ဘက်နဲ့ အသံအတိုးအလျှော့၊ ကင်မရာခလုတ်တို့ရဲ့ အပေါ်မှာဖြစ်ပါတယ်။ Sony Xperia M2 ကို အဖြူ၊ အနက်၊ ခရမ်းရောင် ၃ မျိုးရွေးချယ်နိုင်ပါတယ်။
Display
၎.၈ လက်မအရွယ်မျက်နှာပြင်ကို Sony Xperia M2 မှာ တွေ့ရပြီး 540×960 pixels ဟာ ရုပ်ထွက် အရည်အသွေးဖြစ်ပါတယ်။ Pixel သိပ်သည်းဆ 229 ppi သာပါဝင်တာကြောင့် iPhone 5s ရဲ့ 326 ppi ထက် တောင်နည်းပြီး screen ကြည်လင်တောက်ပမှုအတွက် စိုးရိမ်စရာတော့ရှိပါတယ်။ မျက်နှာပြင်အကြမ်းဒဏ်ခံနိုင် ရည်ရှိအောင် Corning Gorilla Glass 3 နဲ့ ကာကွယ်ဖုံးအုပ်ထားပါတယ်။
Operating System and Camera
Sony Xperia M2 မှာ Android OS 4.3 (Jelly Bean) ကို အသုံးပြုနိုင်မှာဖြစ်ပြီး 5.1 (Lollipop) ထိ မြှင့် တင်နိုင်ပါတယ်။ ဖုန်းရဲ့အဓိကကင်မရာဟာ 8MP ဖြစ်ပြီး autofocus နဲ့ LED flash တို့ပါဝင်ပါတယ်။ HDR, Panorama ရိုက်နိုင်ပြီး 1080p Full HD ဗီဒီယိုကိုရိုက်ကူးနိုင်ပါတယ်။ ရှေ့ဘက်မှာလည်း VGA အဆင့် ကင်မရာကိုတပ်ဆင်ထားပါတယ်။ 0.3MP VGA ရှေ့ဘက်ကင်မရာဟာ selfies နဲ့ ဗီဒီယို calling တွေအတွက် သုံးနိုင်ပါတယ်။ ကင်မရာ App အတွက် သီးသန့်ခလုတ်ကိုတပ်ဆင်ပေးထားတာမို့ သုံးလို့အဆင်ပြေပါတယ်။
Performance
Qualcomm Snapdragon 400 chipset ကိုအသုံးပြုထားပြီး quad-core processor ဟာ 1.2GHz မြန်နှုန်း ရှိပါတယ်။ 1GB ပမာဏ RAM နဲ့ တွဲဖက်ထားပြီး စွမ်းဆောင်ရည်မြင့်မားစွာ ဆောင်ရွက်ပေးနိုင်တာ တွေ့ရမှာပါ။ ဂရပ်ဖစ်ကတော့ Adreno 305 ဖြစ်ပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 8GB ပါရှိပြီး micro SD နဲ့ 32GB အထိ မြှင့်တင်နိုင်ပါတယ်။ Non-removable Li-ion 2300mAh ဘက်ထရီသုံးစွဲထားပါတယ်။
Specification
Display : 4.8 inches, TFT capacitive touchscreen
Memory : 8 GB, 1 GB RAM, microSD, up to 32GB Camera : 8 Megapixel, autofocus, LED flash, Geo-tagging
OS : Android OS, v4.3 (Jelly Bean)
Phone : 01-252988 (ADT)
Price : 220,000/-
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment