ဘလက်ဘယ်ရီ ဖုန်းကုမ္ပဏီအနေနဲ့ အခုနှစ်အတွင်း အန်းဒရွိုက်စနစ်သုံး တန်ဖိုးသင့် စမတ်ဖုန်း(၂)လုံးကို မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ အမှုဆောင်ချုပ် John Chen က ပြောကြားခဲ့တာကို BBC သတင်းမှာဖော်ပြထားပါတယ်။ အခု အသစ်မိတ်ဆက်သွားမဲ့ ဖုန်း(၂)လုံးမှာ (၁)လုံးက လက်နဲ့ နှိပ်လို့ ရတဲ့ ကီးဘုတ်အမျိုးအစားဖြစ်ပြီး နောက်တစ်လုံးကတော့ touch screen အမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။ ဘလက်ဘယ်ရီအနေနဲ့ သူ့ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ BB10ကို အသစ်မိတ်ဆက်မဲ့ ဖုန်းနှစ်လုံးမှာ ထည့်သွင်းဖို့ အစီအစဉ်မရှိပေမဲ့ BB10 OS ကို အသုံးပြုပြီး ထုတ်ထားတဲ့ ဖုန်းတွေမှာတော့ BB 10 OS စနစ်ကိုအဆင့် မြှင့်တင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘလက်ဘယ်ရီဖုန်းရောင်းအားဟာ ဖေဖော်ဝါရီလကုန်အထိ (၃)လအတွင်းရောင်းအားဟာ သန်း(၂၀၀)နီးပါး ကျဆင်းသွားခဲ့ပြီး ဘလက်ဘယ်ရီရဲ့ပထမဆုံး အန်းဒရွိုက်စနစ်သုံး စမတ်ဖုန်းဖြစ်တဲ့ Priv ကလည်း ဈေးအလွန်ကြီးမားတယ်လို့ မစ္စတာ ချန်းက ဆိုပါတယ်။ အသုံးပြုသူအချို့က ဘလက်ဘယ်ရီဖုန်းကုမ္ပဏီကို ပြောကြားချက်ကတော့" ကျွန်တော်တို့ဟာ ဘလက်ဘယ်ရီအမျိုးအစားဖုန်းတွေကို ၀ယ်ချင်ပေမဲ့ အမေရိကန် ဒေါ်လာ(၇၀၀)ဟာ အရမ်းဈေးကြီးလွန်းနေပြီး ကျွန်တော့်အနေနဲ့ ဒေါ်လာ(၄၀၀)တန် စမတ်ဖုန်းတွေကိုပဲ ပိုပြီး စိတ်ဝင်စားပါတယ်လို့"ဆိုပါတယ်။ မစ္စတာချန်းဟာ ဈေးမြင့်မားတဲ့ Priv စမတ်ဖုန်းနဲ့ ပတ်သက်ပြီး ရောင်းအားကျဆင်းမှုအပေါ် ပြစ်တင်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ လကလည်း ဖေ့ဘုတ်နဲ့ Whatsapp စာပို့စနစ်တွေဟာ Blackberry appတွေကို ထောက်ပံ့ဖို့ ရပ်တန့်သွားမယ်လို့ ကြေညာချက်အပေါ် ဘလက်ဘယ်ရီအနေနဲ့ အလွန်တရာ စိတ်ပျက်မိကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment