Friday, 1 April 2016

ကွန်ပြူတာကိုထိန်းချုပ်နိုင်မည့်appများ


ကွန်ပျူတာကို ထိန်းချုပ်နိုင်မယ့် app များ
============================

Remote control သဖွယ် app တစ်ခုကို အသုံးချပြီး ဖုန်းမှ တဆင့် ကွန်ပျူ တာသို့ ထိန်းချုပ်နိုင်ဖို့ဆိုတဲ့ နည်းပညာ အခင်းအကျင်းဟာ
ရိုးရှင်းတဲ့ ဧရိယာ တစ်ခု ဖြစ်နေပါပြီ။ ယခု တစ်ပတ်မှတော့ ကွန်ပျူတာကို ဖုန်းမှတဆင့် စေလို ရာ စေနိုင်မယ့် Android app ငါးမျိုးကို
မိတ်ဆက်ပေးသွားမှာဖြစ်ပြီး ဒီ app တွေကို အသုံးချပြီး ကွန်ပျူတာနဲ့ Android ဖုန်းကြားမှာ လှပသိမ်မွေ့သော အချိတ်အဆက်
တစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

// Remote Control Collection

အကျော်ကြားဆုံးနဲ့ rate အမြင့်ဆုံး remote control applications တွေထဲ က တစ်ခုအဖြစ် Google Play Store မှာ
ရှိနေတာကတော့ Remote Control Collection ပါပဲ။ ဒီလိုမျိုး နာမည်ကျော် လူကြိုက် များရတာက လည်း သူ့မှာ ခိုင်လုံတဲ့
အကြောင်းပြချက်တွေ ရှိနေပါတယ်။ စမတ်ဖုန်းနဲ့ တက်ဘလက်တွေအတွက် ထောက်ပံ့ပေးမယ့် အမျိုးမျိုးသော remote function
များနဲ့အတူ ကွန်ပျူတာကို ထိန်းချုပ်နိုင်မှာပါ။ ကွန်ပျူတာရဲ့ ကီး ဘုတ်နဲ့ မောက်စ်ကို remote control collection မှတဆင့်
ထိန်းချုပ်နိုင် မှာဖြစ်ပြီး တခြား media file တွေနဲ့ presentations တွေကိုလည်း စိတ်ကြိုက် စီမံနိုင်မှာပါ။ Remote Control Collection
မှာ အခန်းကဏ္ဍ ၆ ပိုင်း ခွဲထားပြီး Mouse ၊ ကီးဘုတ် ၊ Live screen (Pro) ၊ Media Player (Pro) ၊ Slideshows (Pro)
နဲပ Speech recognition စသဖြင့် ဖြစ်ပါတယ်။

// Remote Link { PC Remote }

Ausus ရဲ့ Remote Link Server ဆော့ဖ်ဝဲကို ကွန်ပျူတာမှာ အရင် ထည့် သွင်းထားမှသာလျှင် Remote Link app ကို အသုံးပြုနိုင်မှာပါ။
Multi-pad gestures နဲ့ Android Wear compatibility တို့ အပါအ၀င် သုံးစွဲသူတွေရဲ့ လိုအပ်ချက် မျှော်လင့်ချက် အများအပြားကို 
ထောက်ပံ့ဖြည့်စွမ်းပေးနိုင်မယ့် app ဖြစ်ပါတယ်။ ရှင်းလင်းတဲ့ app ဒီဇိုင်း အသွင်အပြင်နဲ့ အတူ menu နဲ့ function တွေကို စိတ်ရှုပ်ရတာမျိုး လုံးဝမဖြစ်ဘဲ
ရှင်းလင်းစွာ တွေ့ရှိရမှာ ဖြစ်ပါတယ်။

// Chrome Remote Desktop

Android ဖုန်းမှတဆင့် ကွန်ပျူတာကို ထိန်းချုပ်ရာမှာ Google ရဲ့ Chrome Remote Desktop ကလည်း အရေးပါပါတယ်။ 
Chrome Remote Desktop ဟာ အချိန်အတော်ကြာ ရပ်တည်နေခဲ့တာဖြစ်ပြီး ကောင်းမွန်တဲ့ သုံးစွဲမှု အတွေ့အကြုံ ဒါ့အပြင် Windows
နဲ့ Mac သုံးစွဲသူ နှစ်မျိုးလုံးအတွက် cross-platform feature တွေနဲ့အတူ နာမည်ရခဲ့တာပါ။ စမတ်ဖုန်းမှာ Google အကောင့်နဲ့ sign in
လုပ်ပြီးတာနဲ့ Chrome Remote Desktop app က ကွန်ပျူတာကို မိုဘိုင်းဖုန်း မျက်နှာပြင်မှတဆင့် အလွယ်တကူ ထိန်းချုပ်နိုင်စေမှာ ဖြစ်ပါတယ်။

// Unified Remote

Unified Remote ကတော့ အသုံးဝင်မယ့် file manager tool နဲ့ ဗီဒီယိုဖိုင်၊ သီချင်းဖိုင်တွေအတွက် မီဒီယာ player များနဲ့အတူ ပြည့်နှက်နေတဲ့
app တစ်ခုပါ။ Full version မှာဆိုရင် voice command ၊ NFC Commands ၊ Android Wear support စသဖြင့် ထပ်မံ
ပါဝင်မှာ ဖြစ်ပါတယ်။ Unified Remote app မှာ ထောက်ပံ့တဲ့ music app များမှာ Spotify ၊ iTunes နဲ့ Google Music တို့ ဖြစ်ပါတယ်။

// TeamViewer for Remote Control

မြန်ဆန်လုံခြုံ တိကျတဲ့ TeamViewer for Remote Control ကတော့ မတူ ညီ ကွဲပြားတဲ့ device တွေကြား ဖိုင်တွေ လွှဲပြောင်းပေးနိုင်စွမ်း ရှိပါတယ်။
အခမဲ့ ဒေါင်းလုတ် ရယူနိုင်ပြီးတော့ TeamViewer ID နဲ့ password ကို အသုံးပြုပြီး ပိုမိုမြန်ဆန်စွာ အသုံးပြုနိုင်ပါတယ်။

ကိုသန့်













အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment