Friday, 1 April 2016

စကားပြောခြင်းအတတ်ပညာ


စကားပြောခြင်းအတတ်ပညာ
***************

မိမိဟာ စကားတစ်ခွန်းကို အောင်မြင်စွာ ပြောချင်ရင်၊ အရေးပါ အရာ

ရောက်ချင်ရင် မိမိရောက်နေတဲ့ ဒေသရဲ့ ယဉ်ကျေးမှုကို အရင်ဆုံး

လေ့လာသင်ယူရမယ်၊ မိမိရောက်နေတဲ့ အသိုင်းဝိုင်းဟာ ဘယ်လို 

အသိုင်းဝိုင်းမျိုးလည်းဆိုတာ လေ့လာထားဖို့ လိုအပ်တယ်။ ဒါမှသာ ထိ

ထိရောက် ပြောနိုင်ဆိုနိုင်မှာ ဖြစ်ပါတယ်။ စကားပြောကောင်းခြင်းဟာလည်း 

အတတ်ပညာတစ်မျိုးဖြစ်ပါတယ်။

ကိုယ်ဘာပြောချင်တယ်ဆိုတာထက် သူတို့ ဘယ်လိုစကားတွေ 

နှစ်သက်တတ်လည်းဆိုတာ သိအောင် အရင်လုပ်ရမှာဖြစ်တယ်။ ပရိတ်

သတ်က နှလုံးသားနဲ့  နားထောင်လာနိုင်ဖို့  အတွက် ပရိတ်သတ်ရဲ့ 

နှလုံးသားဆိုတာကို ရအောင် အရင်ဦးဆုံးယူနိုင်ဖို့ တော့ လိုပါလိမ့်

မယ်။ လူတစ်ယောက်ရဲ့ နှလုံးသားကို ရလိုက်ခြင်းဟာ ဒီလူရဲ့ ဘ၀ကို 

ရလိုက်ခြင်းတစ်မျိုးပါ။

စင်မြင့်ထက်မှာ စကားပြောတာပဲ ဖြစ်ဖြစ်၊ အပေါင်းသင်းမိတ်ဆွေကြားမှာ 

စကားပြောတာပဲ ဖြစ်ဖြစ် ပထမဆုံး နားထောင်ပေးတဲ့သူအား

လုံးကို ကျေးဇူးတင်ကြောင်း ပြောဖို့ မမေ့သင့်ပါဘူး။ ဟာသလေးတွေ 

ကြားညှပ် ပြောတတ်ဖို့ လည်းလိုပါတယ်။ သူတို့ ရဲ့ ဓလေ့စရိုက်၊ အမူ

အကျင့်လေးတွေက မိမိ နှစ်သက်မိတယ်ဆိုတာမျိုးကိုလည်း ပြောဖို့ 

လိုပါတယ်။ ဒီအခြေခံ သဘောတရားတွေတော့ သိနေရမှာပါ။

ကိုယ်ပြောတဲ့ စကားလေးတစ်ခွန်းဟာ လူတစ်ဖက်သားရဲ့ ဘ၀ သေဆုံး

သွားနိုင်သလို၊ အောင်မြင်သွားတဲ့ထိလည်း ဘ၀ပြောင်းလဲ သွား

နိုင်တယ်ဆိုတာ တွေးထားသင့်ပါတယ်။ ဒါဟာ စကားမမှားနိုင်ဖို့ လည်း 

ဆင်ခြင်ရာရောက်ပါတယ်။ စကားတစ်ခွန်းကြောင့်လည်း မိမိရဲ့

ဂုဏ်သိက္ခာ ကျဆင်းသွားနိုင်ပါသေးတယ်။ သတိထားဖို့ လိုပါတယ်။

အပြောအဆို ကျွမ်းကျင်လိမ္မာခြင်းဟာ အလိုဆန္ဒတစ်ဝက်ကို ပြီး

မြောက်နိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက်က စကားပြောတတ်ဖို့ 

သိပ်အရေးကြီးပါတယ်။ ယနေ့ ကမ္ဘာမှာ အောင်မြင်နေသူတွေဟာ 

အဟောအပြော ကောင်းသူများဖြစ်တယ်ဆိုတာကို လေ့လာတွေ့ ရှိ

နိုင်မှာပါ။ စကားပြောကောင်းတဲ့သူတိုင်းဟာလည်း စာဖတ်တဲ့ သူ

တွေဖြစ်ကြတယ်ဆိုတာပါ တွဲမှတ်ထားရမှာပါ။ ကျင့်ကြံ အားထုတ်နိုင်

ကြပါစေ။


Credit - True Man



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment