Friday, 29 April 2016

ကိုင်း မှတ်ပလား

လုပ်ငန်းရှင်ကြီးများ တွေ့ဆုံညှိနှိုင်းပွဲ၌ ဖြစ်သည်။

ပထမပိုင်းအစီအစဉ်ပြီးသည့်နောက် လက်ဖက်ရည်သောက်သုံးကြရင်းမှ ကုမ္ပဏီပိုင်ရှင် သူငယ်ချင်းနှစ်ဦးတို့ စကားလက်ဆုံကျနေကြလေ၏။

“သူငယ်ချင်း မင်းရဲ့သတင်း ကြားရတာ စိတ်မကောင်းဘူးကွာ”

“ဘာများ စိတ်မကောင်းဖြစ်ရတာလဲကွာ”

“ဘာဖြစ်ရမလဲ၊ မင်းမိန်းမကို မင်းခိုင်းထားတဲ့ ဒရိုင်ဘာက သုတ်ပြေးသွားတယ် မဟုတ်လား”

“မပူပါနဲ့ကွာ ဒီကောင်ကို နောင်ကြဉ်အောင် အပြစ်ပေးလိုက်ပါပြီ”

“ဟုတ်လား ဘယ်လို အပြစ်ပေးလိုက်တာတဲ့လဲ”

“ဒရိုင်ဘာအလုပ်က ထုတ်ပစ်လိုက်တယ်လေ”

“အယ်”


Credit - ကိုရွှေတောသား



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment