Tuesday, 12 April 2016

နောက်ထပ်ငါးမိနစ်လောက်ပါ


ကစားကွင်းထဲက ထိုင်ခုံတန်းတစ်ခုပေါ်မှာ မိန်းမကြီးတယောက်က 

ယောက်ျားကြီး တယောက်ဘေးမှာ ထိုင်နေတယ်…


ထိုမိန်းမကြီးက “ဟိုနားက ကလေးက ကျွန်မသားလေးလေ…” ဆိုပြီး 

လျှောစီးနေသော အနွေးထည် အနီရောင်ဝတ်ထားတဲ့ ကောင်လေးကို 

လက်ညှိုးထိုးပြတယ်…


ထိုအခါ “သူက အလွန်ကြည့်ကောင်းတဲ့ ကောင်လေးတယောက်ပဲ”

ယောက်ျားကြီးက ပြန်ပြောလိုက်တယ်… ဆက်ပြီး… “ဟိုနားမှာ အဖြူရောင်

ဝတ်စုံနဲ့ စက်ဘီးစီးနေတာက ကျွန်တော့်သမီးလေးပေါ့…” လို့ ပြောလိုက်တယ်…


နောက် သူ့နာရီသူ ငုံ့ကြည့်လိုက်ပြီး … “ပြန်ကြရအောင်လား … ဘယ်လိုလဲ 

မစ်လစ်ဆာ” လို့ သူ့သမီးကို လှမ်းပြောလိုက်တယ်…


“နောက်ထပ် (၅)မိနစ်လောက်ပါ ဖေကြီးရာ နော်… နောက်(၅)မိနစ်ထဲပါ…”

လို့ မစ်လစ်ဆာက သူ့အဖေကို ပူဆာလိုက်တယ်… ဒါနဲ့ ထိုယောက်ျားကြီး

ကလည်း ခေါင်းညိမ့်ပြလိုက်တော့ မစ်လစ်ဆာလည်း စက်ဘီးဆက်စီး

နေတော့တယ်…


(၅)မိနစ်ဆိုတဲ့အချိန် ကုန်လွန်သွားပြီးနောက် ထိုယောက်ျားကြီးက 

မတ်တပ်ရပ်လိုက်ပြီး သူ့သမီးဆီကို လှမ်းပြီး “သွားဖို့ အချိန်တန်ပြီ သမီးရေ…” 

လို့ပြောလိုက်တယ်… မစ်လစ်ဆာကထပ်ပြီး … 

“နောက်ထပ် (၅)မိနစ်လောက်နော်… ဖေကြီး… ပြီးရင် ပြန်မယ်နော်…” လို့ 

ထပ်တောင်းပန်ပြန်တယ်…

ယောက်ျားကြီးက ပြုံးလိုက်ပြီး “ကောင်းပါပြီဗျာ” လို့ ပြောပြန်တယ်…


ဒါနဲ့ ဘေးမှာ ထိုင်နေတဲ့ မိန်းမကြီးက … “ရှင်က တော်တော် စိတ်ရှည်တဲ့ 

အဖေပဲနော်…” လို့ အံ့သြစွာပြောလိုက်တယ်…


ဒီအခါ ယောက်ျားကြီးက ပြန်ထိုင်လိုက်ပြီး… “မစ်လစ်ဆာရဲ့  အစ်ကို 

တွမ်မီက မနှစ်က ဒီနေရာနားမှာပဲ ကုန်တင်ကားနဲ့ တိုက်မိပြီး ဆုံးသွားခဲ့

တယ်… ဖြစ်ပုံက အဲ့ဒီနေ့က သူလည်း မစ်လစ်ဆာလိုပဲ ဒီကစားကွင်းမှာ 

စက်ဘီးစီးနေတာ… ကျွန်တော်က ပြန်မယ်ပြောတော့ သူက (၅)မိနစ်

လောက်ဆက်စီးပါရစေတဲ့…ဒါပေမယ့် ကျွန်တော် ခွင့်မပြုခဲ့ဘူး… 

ကျွန်တော်သာ ခွင့်ပြုခဲ့မယ်ဆိုရင် ကျွန်တော်တို့ ငါးမိနစ်နောက်ကျပြီး

မှသာ ထွက်လာခဲ့မယ်ဆိုရင်… အဲ့ဒီ ကုန်တင်ကားနဲ့ လဲ တိုက်စရာ 

အကြောင်းမရှိဘူးလို့ကျွန်တော်ယုံကြည်တယ်… အဲ့ဒီတုန်းက 

သူတောင်းခဲ့တဲ့ အချိန် (၅)မိနစ်ကို ကျွန်တော် ဘာနဲ့ပဲလဲရ လဲရ ပြန်ပေး

ချင်တယ်ဗျာ… ဒါကြောင့် အခု ကျွန်တော် ဒီလို အမှားမျိုး မစ်လစ်ဆာနဲ့ 

ထပ်မမှာချင်တော့ဘူး…မစ်လစ်ဆာအတွက်ကတော့ နောက်ထပ်(၅)မိနစ် 

စက်ဘီးထပ်စီးရတာပေါ့… ကျွန်တော့်အတွက်ကတော့ နောက်ထပ် (၅)မိနစ်စာ 

ကျွန်တော်ချစ်တဲ့ သမီးကလေး ကစားနေတာကို ကြည့်နေခွင့်ရတာပေါ့ဗျာ… ”


ဘ၀ဆိုတာ ဦးစားပေးမှုတွေနဲ့ ပြည့်နေတာ… သင်ကရော ဘာကို ဦးစားပေး

မလဲ… သင့်ရဲ့  တစ်နေ့တာ အချိန်ထဲက နောက်ထပ် (၅)မိနစ်လောက် 

သင်ချစ်တဲ့သူကို ဦးစားပေးလိုက်ရတာဟာ သင့်အတွက် ဘာမှမနစ်နာသွားပါဘူး…


Credit - စာပေရိပ်မွန် စာအုပ်စင်


သူငယ်ချင်းတွေဖတ်ဖို့ Buzz မှာ ပြန် Share ပေးခဲ့ပါဦးနော် ...





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment