Friday, 8 April 2016

မုန်တိုင်းပြီးရင်လေနုအေးလေးတွေလာမှာပါ


မုန်တိုင်းပြီးရင် လေနုအေးလေးတွေလာမှာပါ


စိတ်ညစ်စရာတွေ ကြုံလာခဲ့ရင် ဒီစာကိုဖတ်ပါ။

စီးဆင်းနေတဲ့ မျက်ရည်တွေမှာ အဓိပ္ပာယ်တွေအများကြီးပါတယ်။

ငိုတယ်ဆိုတာ စိတ်ဝိညာဉ်ကို ဆေးကြောသန့်စင်ပေးတဲ့

ထစ်ချုန်းမိုးပါ။

မိုးတိတ်သွားပြီးမှ ဖြတ်တိုက်လာတဲ့ လေအေးလေးက

မယုံနိုင်လောက်အောင် လတ်ဆတ်လွန်းတယ်။

ဝမ်းနည်းစရာတွေအများကြီးမတွေးပါနဲ့။ အသက်ဝဝရှူပါ။

ကိုယ့်ကိုယ်ကို တင်းကျပ်တာတွေ၊ အမိန့်ပေးတာတွေ

မလုပ်ပါနဲ့တော့။

သင့်ခံစားချက်တွေအတိုင်း လိုက်ပါစီးမျောလိုက်ပါ။

မျက်ရည်တွေကနေတဆင့် သင့်ဘဝကိုပြောင်းလဲလိုက်ပါ။

နွေခေါင်ခေါင်မှာ အေးမြမှုပေးတဲ့သင်္ကြန်မိုးလေးလို

အပြောင်းအလဲလေးတွေက သင့်ဘဝထဲကိုရောက်ရှိလာပြီး

သင့်ဒဏ်ရာတွေ၊ သောကတွေကို အေးမြစေပါလိမ့်မယ်။ 

မကြာခင် သင့်ဘဝမှာအရာရာကောင်းမွန်လာမယ်ဆိုတာ ယုံကြည်ထားပါ။


Ref.- Gandawin Magazine





အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment