တစ်ခါတလေ လူတွေရဲ့ အပြုအမူကိုကြည့်ပြီး ဘေးပတ်ဝန်းကျင်မှာရှိတဲ့
လူတွေက ဒီလူရဲ့အသိဉာဏ်၊ အဆင့်အတန်း ဘာဆိုတာကို ဆုံးဖြတ်ကြ
လေ့ရှိပါတယ်။ ဒီအပြုအမူမျိုးကို လုပ်တဲ့သူတွေဟာ သူတို့ဘာလုပ်မိတယ်ဆိုတာ
သတိထားမိချင်မှ သတိထားမိမှာပါ။ ဒါပေမယ့် သူရဲ့အပြုအမူတစ်ခုကို
ကြည့်ပြီးဘယ်လို လူစားဖြစ်တယ်ဆိုတာကို ပတ်ဝန်းကျင်က ဆုံးဖြတ်ပြီး
သွားပါပြီး။ အောက်ဖော်ပြပါ အမူအယာ (၆) ခုကို လုပ်မိရင် အသိဉာဏ်နည်း
ပါးသူလို့ အထင်ခံရနိုင်ပါတယ်။
(၁) အူကြောင်ကြောင် အ၀တ်အစားကို ၀တ်တာ
အားလုံးလည်း ကိုယ်နဲ့နီးစပ်တဲ့အထဲမှာ အဲဒီလိုလူ တစ်ယောက်၊ သို့မဟုတ်
တစ်ယောက်ထက် ပိုပြီးရှိနိုင်ပါတယ်။ အချို့က အဆိုတော်တွေ၊ သရုပ်ဆောင်တွေ
ဝတ်လို့လိုက်ဝတ်တာမျိုး ရှိပေမယ့်၊ လက်တွေ့ဖတ်ရှင်အမြင်အရတော့
အတော်လေး ကိုးလို့ကန့်လန့်နိုင်ပါတယ်။
(၂) စကားလုံး အလွဲတွေပြောမိတာ
ဒါကတော့ သတိလက်လွှတ်အခြေအနေမျိုးမှာ လူတိုင်းဖြစ်တတ်ပါတယ်။
ဥပမာ- မကွေး ဂိုးသမား-ဆိုတာကို မဂိုး ဂွေးသမား-ဆိုပြီး ပြောမိတာမျိုး၊
တစ်ဈေးကွေ့ မှတ်တိုင်-ကို တစ်ဂွေးစေ့ မှတ်တိုင်-ဆိုတာမျိုးပေါ့။
ရယ်စရာလည်း ကောင်းပါတယ်။
(၃) ကိန်းကြီးခန်းကြီး စတိုင်ဖမ်းတာ
တစ်ခါက တွေ့ခဲ့ရဖူးပါသေးတယ်။ စားသောက်ဆိုင်တစ်ခုမှာ လူတစ်ယောက်
ကျော့ကျော့မော့မော့ ၀င်လာတယ်။ ထိုင်ခုံကို ထိုင်တော့ ပုဝါတွေ
အထပ်ထပ်ခင်းပြီး ထိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ထိုင်သွားတဲ့လူကို
ရွံလို့-တဲ့။ အဲဒီလိုလူမျိုးတွေ ဒုနဲ့ဒေးပါဘဲ။
(၄) စကားပေါလွန်းတာ
တစ်ခါတလေ အလုပ်က ပင်ပန်းလို့အိမ်ကိုပြန်လာတဲ့အချိန် ဘက်စ်ကားပေါ်မှာ
အဲဒီလိုလူ နှစ်ယောက်လောက်ပါရင် အတော်လေး စိတ်ညစ်စရာကောင်းပါ
တယ်။ ဒီထက်ပိုဆိုးတာက အမနာပ၊ ငယ်ကျိုးငယ်နာစကားတွေကို
ဖုန်းနဲ့အကျယ်ကြီး အော်ပြောတာမျိုးတွေပါ။
(၅) စကားနည်းတာ
သာမန်အားဖြင့် စကားပေါတဲ့သူတစ်ယောက် စကားနည်းပြီဆိုရင်လည်း
ဒါက မူမမှန်တဲ့ ကိစ္စပါ။ ဒါက သူ့အနေနဲ့ မတူသလိုမတန်သလို ခံစားရတဲ့
အခါမျိုးမှာ ရုပ်တည်ကြီးနဲ့ နေတတ်ပါတယ်။
(၆) အခြားသူတွေကို ဝေဖန်တာ
ဒါကတော့ ကိုယ်နဲ့မဆိုင်ဘဲ တစ်ခြားသူတွေကို ကိုယ့်အထင်နဲ့ ရမ်းသမ်း
ဝေဖန်တာမျိုးပါ။ တစ်ချို့က သူများအကြောင်း လေကုန်ခံပြီး အရေမရ
အဖတ်မရ ထိုင်ပြောနေတာမျိုး ရှိတတ်ပါတယ်။
Credit - နတ်စည်တော် (Shwemom)
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment