Saturday, 23 April 2016

ကြာရင်ဝယ်မိတော့မယ်

တခါက ကြော်ညာလုပ်ငန်းလုပ်တဲ့ ကုမ္မဏီတစ်ခုရှိတယ်။
တခြားလုပ်ငန်းရှင်တွေရဲ့ ကုန်ပစ္စည်းတွေကို နာမည်ကြီးအောင် သူတို့က
အခကြေးငွေယူပြီး တာဝန်ခံကြော်ညာပေးတယ်။

အဲဒီကုမ္မဏီက ကြော်ညာစာရေးမတစ်ယောက်ဟာ တော်တော်လေးလှတယ်။
ဒါပေမဲ့ အဝတ်အစားဝတ်ရင် ကျပ်ရပ်နေအောင်ဝတ်တဲ့အပြင် ဒူးပေါ်၊ ပေါင်ပေါ်၊
ရင်သားဖော်ပြီး ဝတ်လေ့ရှိတယ်။
ဒါကို မျက်စိနောက်နေတဲ့ မန်နေဂျာက တရက်တော့ သူမကို သူ့ရုံးခန်းထဲလာဖို့ခေါ်လိုက်တယ်။
သူမဝင်လာတော့ တခါးပိတ်ခိုင်းလိုက်တယ်။
ပြီးတော့ သူမရဲ့ မပေါ့်တပေါ်ရင်သားတွေကို လက်ညိုးထိုးပြီးမေးတယ်… …
“အဲဒါတွေ ရောင်းမလား”
အမေးခံရတော့ စာရေးမလည်း တော်တော်ရှက်သွားတယ်။ ပြီးတော့ ဒေါသတကြီးနဲ့ ပြန်ဖြေတယ်… …
“အာ..ဆရာကလည်း၊ မရောင်းပါဘူး”
ဒီတော့ မန်နေဂျာက သူ့နားကပ်ပြီး တိုးတိုးလေးပြောတယ်… …
“ဒါဆို ဒီပစ္စည်းတွေကို ကြော်ညာနေတာ ရပ်လိုက်တော့”…တဲ့။


Credit - itmintar



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment