Wednesday, 13 April 2016

အတိတ်ကိုအတိတ်မှာထားခဲ့ပါ

 

လူ့ဘဝဆိုတာ လမ်းခွဲတွေများတဲ့ အဆုံးမရှိလမ်းမကြီးဖြစ်တယ်။ 

မပြတ်တဲ့ ရွေးချယ်ခြင်းတွေနဲ့ ခရီးဆက်နေရတယ် ...

နေ့တိုင်းစားတဲ့ အစားအစာကို ရွေးချယ်တာက သက်ရောက်မှု 

သိပ်မရှိပေမယ့် အလုပ်အကိုင်၊ အိမ်ထောင်ဖက်၊ အိမ်ထောင်ပြု မပြု၊ 

ကလေးယူ မယူ စတဲ့ ရွေးချယ်မှုတိုင်းက ဘဝတစ်ခုလုံးကို 

သက်ရောက်စေတယ် ...မတူတဲ့ ရွေးချယ်မှုက မတူတဲ့ဘဝကို 

တည်ဆောက်ပေးတယ်။ ဘဝမှာ သည်းမခံနိုင်အရာက လူ့ဘဝကို 

အသစ်ပြန်စစေတဲ့ အခွင့်အရေး မရှိတာပဲ ....“တကယ်လို့ အစတည်းက 

ဒီလိုရွေးခဲ့ရင် အခုချိန်မှာ ဒီလိုဖြစ်နေမှာ မဟုတ်ဘူး”လို့ ညည်းတွားမနေနဲ့ ...

သင်ရွေးချယ်တဲ့ ဘဝလမ်းခွဲတိုင်းမှာ အကောင်းဆုံးဆိုတာ မရှိသလို 

အဆိုးဆုံးဆိုတာလည်း မရှိဘူး ... ရွေးချယ်ခဲ့တဲ့လမ်းကို အကောင်းဆုံး

ဖြစ်အောင် သင်လျှောက်လှမ်းဖို့ပဲ လိုတယ်...

ဖြောင့်ဖြူးအောင် ဖန်တီးဖို့ပဲလိုတယ် ... ဒါမှ ရွေးခဲ့တဲ့လမ်း မှားတယ်လို့ 

အတိတ်ထဲ သင်တဝဲလည်နေတော့မှာ မဟုတ်ဘူး ....

Credit - အပျံသင်စ ငှက်ကလေး၏ အိပ်မက် 



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment