Monday, 4 April 2016

လဲကျမှာမကြောက်နဲ့ပြန်မထနိုင်တော့မှာကိုပဲကြောက်ပါ

လူတိုင်းအတွက် ပေးထားတဲ့ အချိန်တွေက မျှတပါတယ်။လူတိုင်းသာ ရတဲ့အချိန်တွေကို အသုံးချပုံခြင်း မတူညီတာ ဘာကြောင့်လို့ ထင်သလဲ။ အချိန်ရဲ့ တန်ဖိုးကို မသိကြလို့ ပါပဲ။မသိတာဆိုတာထက်မသိချင်ကြတာဆိုရင် ပိုမှန်လိမ့်မယ်။

ဘယ်လိုအချိန်မှာ ဘယ်လိုအခက်အခဲတွေ လာမယ်ဆိုတာ ဘယ်သူမှကြိုမ သိနိုင် ဘူး။ ရောက်နေတဲ့ အချိန်မှာ အကျိုးရှိစွာအသုံးချနေခြင်းဟာ ရောက် လာမယ့်အချိန်ကို အကောင်းဆုံးပြင်ဆင်ထားခြင်းဆိုတာ တို့ တွေ သိထား ရမယ်။




ဘ၀မှာ ခြေလှမ်းတွေ အများကြီး လှမ်းရဦးမှာပါ။ ယိုင်ချင်ယိုင်သွားလိမ့်မယ်၊ လဲချင်လည်း လဲသွားလိမ့်မယ်။ ဒါပေမယ့် ပြန်ထနိုင်သေးသ၍ အရာရာ ကို ရင်ဆိုင်နိုင်ပါသေးတယ်။ ပြန်ထဖို့ အတွက် အားတော့ မွေးရမှာပေါ့။




အားမွေးဖို့ ဆန္ဒဘယ်တော့မှာမရှိလာဘူးဆိုရင်လဲကျတဲ့အခါမှာလည်း ဘယ်တော့မှ ပြန်ထနိုင်တော့မည်မဟုတ်ပေ။ လောကမှာလဲကျမှာကို မကြောက်နဲ့ ၊ ပြန်မထနိုင်တော့မှာကိုပဲ ကြောက်ပါ။

Credit>>>True Man 



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment