သင်္ကြန်တွင်းမှာ ရှောင်ကြဉ်စရာ
ရှေးပညာရှိကြီးတွေဟာ အတာနှစ်ဦးမှာ ရှောင်ကြဉ်ရမယ့် ဓလေ့
တချို့ သတ်မှတ်ထားတာ မှတ်သား သတိပြု ဆင်ခြင်ဖွယ် တွေ့ရပါတယ်။
အဲဒါတွေက သင်္ကြန်အခါမှာ -
(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။
(၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက် သတ်ဖြတ်ခြင်း။
(၄) အရက် မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။
(၆) သွေးဖောက် သွေးထုတ်ခြင်း။
(၇) ဆီလိမ်း ဆေးလိမ်းခြင်း။
(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်း ဝယ်ယူသိုလှောင်ခြင်း။
(၁၀) ကုန်ပစ္စည်း ရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း မပြုကြရဘူး ဆိုတာပါပဲ။
သူ့ခေတ် သူ့အခါ သူ့ဓလေ့ထုံးစံ သူ့အကြောင်းအကျိုးနဲ့သူ ရှိပါလိမ့်မယ်။
Credit - အရွင္နႏၵဝံသ (ေဇယ်သုခဓမၼရိပ္သာ)
သူငယ်ချင်းတွေဖတ်ဖို့ Buzz မှာ ပြန် Share ပေးခဲ့ပါဦးနော် ...
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment