Wednesday, 20 April 2016

အီတလီစီးရီးအေ ပွဲကြိုသုံးသပ်ချက်

ပါလာမို - အတ္တလန်တာ (၂၁-၄-၂၀၁၆ နံနက် ၁း၁၅)
ပါလာမိုက ရလဒ်ကောင်းဖို့ဆိုတာထက် နောက်ဆုံး (၅)ပွဲမှာ (၂)ဂိုးပဲရခဲ့တယ်။ ဂီလာဒီနိုကိုအားထားကစားနေပေမယ့် ဂီလာဒီနိုကိုယ်တိုင်လည်းရုန်းကန်နေရတယ်။ အတ္တလန်တာအဝေးကွင်းမစွံဘူး။ ခြေတော့ပြန်ကောင်းလာတယ်။ သရေပွဲပါ။

အူဒီးနီးစ် - ဖီအိုရင်တီးနား (၂၁-၄-၂၀၁၆ နံနက် ၁း၁၅)
အူဒီးနီးစ် တိုက်စစ်က နာပိုလီနဲ့ပွဲတုန်းကနိုင်ခဲ့ပေမယ့် ကျန်ပွဲတွေမှာရလဒ်ပိုင်းသိပ်မကောင်းဘူး။ တိုက်စစ်မှာလည်း သီရေယူ ဂိုးမသွင်းနိုင်ရင် ဂိုးရဖို့ခက်နေတယ်။ ဖီအိုရင်တီးနားလည်း ရလဒ်တွေဆက်တိုက်ကျနေလို့သရေကျနိုင်တယ်။

ချီယေဗို - ဖရိုဆီနိုနီ (၂၁-၄-၂၀၁၆ နံနက် ၁း၁၅)
ချီယေဗိုက အိမ်ကွင်းနောက်ဆုံး (၂)ပွဲဆက်နိုင်ခဲ့တယ်။ ဒီ(၂)ပွဲမှာ ဂိုး (၄)ဂိုးရခဲ့ပြီး ကစားသမား (၄)ယောက်ကသွင်းနိုင်ခဲ့သလို၊ နေရာစုံကသွင်းခဲ့တွေ့ရတယ်။ ဖရိုဆီနိုနီအမှတ်လိုနေပေမယ့် ချီယေဗိုပဲနိုင်မှာပါ။

အမ်ပိုလီ - ဗီရိုနာ (၂၁-၄-၂၀၁၆ နံနက် ၁း၁၅)
အမ်ပိုလီက အမှတ်မလိုဘူး။ ဗီရိုနာက တန်းဆင်းဖို့သေချာသလောက်ရှိနေပြီ။ လက်ရှိရလဒ်ပိုင်းကသိပ်မကွာဘူး။ ခြေစွမ်းကတော့ အမ်ပိုလီပိုကောင်းတယ်။ အိမ်ကွင်းလည်းဖြစ်နေတယ်။ အမ်ပိုလီပဲနိုင်လိမ့်မယ်။

ဂျီနိုအာ - အင်တာမီလန် (၂၁-၄-၂၀၁၆ နံနက် ၁း၁၅)
ဂျီနိုအာက အိမ်ကွင်းမှာ နောက်ဆုံး (၇)ပွဲဆက်ရှုံးပွဲမရှိသလို၊ နောက်ဆုံး (၄)ပွဲဆက်နိုင်တယ်။ ဆူဆိုနဲ့ ကာချီတို့ကလည်း ဂိုးတွေမြူးနေတယ်။ အင်တာမီလန်က အဝေးကွင်းမှာရလဒ်တွေဆက်တိုက်ဆိုးနေတယ်။ ဂျီနိုအာ သရေနဲ့အနိုင်ပဲ။

ဂျူဗင်တပ်စ် - လာဇီယို (၂၁-၄-၂၀၁၆ နံနက် ၁း၁၅)
ဂျူဗင်တပ်စ်က ချန်ပီယံဖြစ်ဖို့သေချာသလောက်ရှိနေပါပြီ။ ဒီပွဲကိုသာထပ်နိုင်ရင်ပိုပြီးအခြေအနေကောင်းမယ်။ ကစားရမှာလည်း အိမ်ကွင်းဖြစ်နေတယ်။ လက်ရှိဂျူဗင်တပ်စ်ရဲ့တိုက်စစ်ပိုင်းမှာ ဒီဘားလား ဒဏ်ရာရနေပေမယ့် မိုရာတာအားကိုးနေရတယ်။ ဒါ့အပြင် ကွင်းလယ်မှာလည်းပေါ့ဘာက အရေးပါတဲ့ ဂိုးတွေသွင်းနိုင်တယ်။ လာဇီယိုက ဂိုးရဖို့အတွက် ကလိုဆေးကို အားပြုနေရတုန်းပဲ။ ကလိုဆေးလည်းပွဲတိုင်းခြေစွမ်းပြဖို့မလွယ်ဘူး။ ဂျူဗင်တပ်စ်လိုအသင်းနဲ့ဆိုတော့ ပိုခက်မယ်။ ဂျူဗင်တပ်စ်အနိုင်ပြတ်သားဦးမှာပါ။

ရိုးမား - တိုရီနို (၂၁-၄-၂၀၁၆ နံနက် ၁း၁၅)
ရိုးမားက ကွင်းလယ်ရောတိုက်စစ်မှာပါ ဂိုးသွင်းနိုင်တဲ့သူများတယ်။ ဂျက်ကို၊ အယ်လ်ရှာရာဝီ၊ ဆာလာတို့ဂိုးတွေသွင်းနိုင်ပြီး အားလည်းကိုးရတယ်။ တိုရီနိုက အဝေးကွင်းမှာ အင်တာနဲ့ ဘိုလော့ဂ်နာကိုနိုင်ခဲ့ပေမယ့် ဒီပွဲသရေတောင်မရဘူး။

Credit – eleven sport 

ဘောလုံးသတင်းများ အစီအစဉ်ကို ကြည့်ရှုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်...
နှစ်သက်သဘောကျခဲ့ရင် သူငယ်ချင်းတွေကို မျှဝေပေးဖို့ မမေ့ပါနဲ့နော်.....



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment