Saturday, 16 April 2016

မှန်



ခွေးတစ်ကောင်ဟာ မျက်စိလည်လမ်းမှားပြီး မှန်တွေအများကြီး ရှိတဲ့ 

အိမ်တစ်အိမ်ထဲကို ၀င်သွားမိတယ်။ 

ရုတ်တရက် ခွေးတွေအများကြီးထွက်ပေါ်လာတယ်။ ခွေးလန့်သွားပြီး 

မှန်တွေကို ကြည့်ပြီး မာန်တယ်။ 

မှန်ထဲက ခွေးတွေကလည်း ဒေါသထွက်စွာနဲ့ ပြန်မာန်တယ်။ 

ခွေးကအရမ်းလန့်သွားတယ် တစ်ကောင်တည်းဖြစ်နေတဲ့အတွက် အိမ်ကို

ပတ်ပြေးတယ်။ 

ပြေးရင်းပြေးရင်းကနေ အမောဆို့ပြီးသေသွားတယ်။ 

မှန်ကို စကြည့်ကတည်းက အမြီးလေးလှုပ်ပြလိုက်ရင် မှန်ထဲက ခွေးကလည်း 

အပြင်ကခွေးလိုပဲ ခင်မင်ရင်းနှီးတဲ့ အမူအရာပြန်တုန့်ပြန်မှာပါ။ 


novemberpearl (Credit - လူဗိုလ်ဟူသည်)


သင်ခန်းစာ ... ဘ၀မှာ လူအများနဲ့ဆက်ဆံတဲ့အခါမှာလည်း ဒီလိုပါပဲ .. 

ကိုယ်တိုင်ရဲ့စိတ်ရင်းအလိုက် ပတ်ဝန်းကျင်မှာဆက်ဆံရတဲ့ အသိုင်းအ၀ိုင်းတွေ 

ဝန်းကျင်တွေကွာခြားနေမှာပါ .. ကျွန်မတို့အားလုံး အပြုံးတွေနဲ့သာ ဆက်ဆံကြ

မယ်ဆိုရင် ကိုယ်တိုင်အပါအ၀င် လူတိုင်းဟာ လောကထဲမှာနေပျော်နေမှာပါ ...



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment