စာရေးသူသည် ပြည်ခိုင်ဖြိုးပါတီဝင် မဟုတ် ပါ။ သို့သော်လည်း ပြည်ခိုင်ဖြိုးပါတီနှင့်ပတ် သက်ပြီး လေ့လာကြည့်မြင်နေသူဖြစ်ပါတယ်။ပြည်ခိုင်ဖြိုးပါတီသာ မဟုတ်ပါ။ ယနေ့ဖွဲ့စည်း ထားရှိသည့်ပါတီများ၏အခြေအနေကိုလည်း လေ့ လာနေသူဖြစ်ပါတယ်။ အခြားသောပါတီများနှင့် ပတ်သက်ပြီးမည်သို့မျှမပြောလိုပါ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့်ပတ်သက်ပြီး စာ ရေးသူ၏ထင်မြင်ယူဆချက်များကို အောက်ပါ အတိုင်း ဝေဖန်သုံးသပ်တင်ပြအပ်ပါတယ်။
-၂ဝ၁ဝပြည့်နှစ်မှစ၍ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီသည် ပထမငါးနှစ်တာ ကာလတွင် အနိုင်ရပါတီ၊ အာဏာရပါတီ ဖြစ်သော်လည်း ပါတီဒုတိယဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ပါတီအတိုင်ပင်ခံ များ၊ ဗဟိုအကြံပေးများသည်ပါတီ၏အကျိုး စီးပွား တစ်နည်းဆိုရလျှင် ရွေးကောက်ပွဲတွင် ပါတီအနိုင်ရရေးကို အဓိကဦးစားမပေးဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည် ပြုပြင်ပြောင်းလဲရေးကိုသာ အရှည်မျှော်တွေး ပြီး အလေးထားလုပ်ဆောင်ကြသည်ကို တွေ့ ရပါတယ်။
-နိုင်ငံတော်သမ္မတဦးသိန်းစိန်(ဥက္ကဋ္ဌ၊ ပြည် ခိုင်ဖြိုးပါတီ) အစိုးရသည်လည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စားလှယ် များသည်လည်းကောင်း မိမိတို့ပြည်ခိုင်ဖြိုး ပါတီလူကြိုက်များရေးကို အဓိကမထားဘဲ နိုင်ငံတော်နှင့်ပြည်သူများ ကောင်းကျိုးချမ်း သာကိုဖော်ဆောင်ပေးနိုင်မည့် နိုင်ငံအကျိုး ပြု၊ ပြည်သူအကျိုးပြုလုပ်ငန်းများကိုသာ တစိုက်မတ်မတ်အလေးထားလုပ်ဆောင်နေ ကြောင်းတွေ့ရပါတယ်။
-ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ခုနှစ်)အရ ဒီမို ကရေစီနိုင်ငံတော်အဖြစ်သို့ အသွင်ကူးပြောင်း တည်ဆောက်နေသောအခါတွင် အာဏာရ ပြည်ခိုင်ဖြိုးပါတီအနေဖြင့်ပါတီအကျိုးစီးပွား ကိုစွန့်လွှတ်ပြီး တစ်နည်းဆိုရလျှင် ပါတီ အကျိုးစီးပွားဆိုသည်ကို ရှေ့တန်းမတင်ဘဲ နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားကို ဦးစားပေး အလုပ်အကျွေးပြုနေရသော အနေအထားသို့ ရောက်ရှိသွားသည်ဟု စာရေးသူအနေဖြင့် သုံးသပ်ပါတယ်။
ယနေ့ မြန်မာနိုင်ငံ၏ဒီမိုကရေစီအသွင်ကူး ပြောင်းရေးဖြစ်စဉ် ကမ္ဘာ့အလယ်တွင် အောင်မြင် လာစေရန် လိုအင်ဆန္ဒရှိသူ၊ စေ့ဆော်တိုက်တွန်းခဲ့ ကြသူများမှာ မြန်မာပြည်သူများပင်ဖြစ်ပါတယ်။ ထိုဖြစ်စဉ်ကြီး တရွေ့ရွေ့တိုးတက်ဖြစ်ထွန်းလာ အောင် ၂ဝ၁ဝပြည့်နှစ်၌ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပနိုင်သည်အထိ ဦးစီးဖော် ဆောင်ပေးခဲ့သူမှာ နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ(တပ်မတော်အစိုးရ) ပင် ဖြစ်ပါတယ်။ တပ်မတော်အစိုးရနှင့်အတူတကွ လက်တွဲပြီး လူမှုရေးအသင်းအဖွဲ့တစ်ရပ်အဖြစ်မှ နိုင်ငံရေးပါတီတစ်ရပ်အဖြစ်သို့ ကူးပြောင်း၍ ဦးထမ်းပဲ့ထမ်း လက်ဆင့်ကမ်းထမ်းဆောင်ခဲ့ သည်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဖြစ်ပါတယ်။ ထိုအချိန်က ပြည်ခိုင်ဖြိုး အသင်းဘဝတွင် အခက်အခဲမျိုးစုံကို တပ်မတော် နှင့် လက်တွဲဆောင်ရွက်ခဲ့တယ်။
အမှန်အတိုင်းဆိုရလျှင်၎င်းအချိန်က ပြည်ခိုင် ဖြိုးအသင်းကို ပါတီတစ်ရပ်အဖြစ် ထူထောင်လို သော်လည်း ယင်းအချိန်ကရှိနေသည့်ဥပဒေများ အရ အသင်းအဖြစ်သာ ထူထောင်ခဲ့ရခြင်းဖြစ် တယ်။ မည်သို့ပင်ဖြစ်ဖြစ် ပြည်ခိုင်ဖြိုးအသင်း အနေဖြင့်လည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီအနေ ဖြင့်လည်းကောင်း နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွား အတွက် အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ခဲ့ လို့ပြည်သူလူထုကအသိအမှတ်ပြုပြီး ၂ဝ၁ဝ ပြည့် နှစ် နိုဝင်ဘာလရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ကို ပြည်သူများကရွေးချယ်တာဝန်ပေးခဲ့တယ်။ ပြည်ခိုင်ဖြိုးပါတီအစိုးရကိုလည်းဖွဲ့စည်းနိုင်ခဲ့တယ်။
စာရေးသူမြင်တွေ့သိရှိရသမျှ ဝေဖန်သုံးသပ် ရပါက ပြည်ခိုင်ဖြိုးပါတီသည် မှန်ကန်သောမူဝါဒ ရှိတယ်။ စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်ရှိတယ်။လက်တွေ့ကျသည့်လုပ်ငန်းစဉ်များဖြင့် အေးချမ်း သာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီ နိုင်ငံတော်ကို ပြည်သူများနှင့်အတူ လက်တွဲပြီး အောင်မြင်စွာတည်ဆောက်ရန် မှန်ကန်သောဆန္ဒ အပြည့်အဝရှိတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သည် စီမံခန့်ခွဲကွပ်ကဲမှုအတွေ့အကြုံပြည့်ဝရင့် ကျက်ပြီး အစဉ်အလာကြီးမားတယ်။ အမျိုးသား ရေးနှင့် အမျိုးသားအကျိုးစီးပွားကိုအစဉ်ထာဝရ ဦးထိပ်ပန်ဆင်သည့်ပါတီဖြစ်တယ်။ သို့ရာတွင် ပြည်ခိုင်ဖြိုးပါတီ၏အစိုးရအဖွဲ့တွင် တာဝန်ထမ်း ဆောင်နေကြသည့် ဝန်ကြီးအချို့သည်ပါတီ၏ ဦးဆောင်မှုကိုခံယူမှုတွင်အားနည်းကြတယ်။ ပါတီစုံ နိုင်ငံရေးတွင်ပါတီဝင်များသည် ပါတီ၏ဦး ဆောင်မှုကိုခံယူပြီး ပါတီနှင့်အမြဲတမ်းဆက်သွယ် နေကြရပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရပါတီ လုပ်ငန်းမလုပ်ဆောင်သော်လည်း ပါတီဝင်များ ဖြစ်နေသည်ကို မေ့လျော့နေကြတယ်။
ပါတီဝင်ဖြစ်လျှင် ပါတီ၏ဦးဆောင်မှုကိုခံယူ ကြရပါမယ်။ ပြည်သူများ၏အကျိုးစီးပွားနှင့်လို အပ်ချက်များကို အစဉ်ဦးထိပ်ထားဆောင်ရွက် ခြင်းဖြင့် ပါတီ၏ဦးဆောင်မှုအခန်းကဏ္ဍကိုမြှင့် တင်ဆောင်ရွက်သွားရပါမယ်။ ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာဆိုသည့် အာဏာသုံးရပ်အချင်းချင်းအပြန် အလှန်ထိန်းညှိနိုင်ရေးအတွက် အားပေးဆောင်ရွက် ရပါမယ်။ ပွင့်ပွင့်လင်းလင်းဆိုရလျှင်ပြည်ခိုင်ဖြိုး ပါတီဝင်တိုင်းသည် ပါတီ၏ဦးဆောင်မှုကိုအလေး အနက်ခံယူကြရပါမယ်။ ယင်းသို့ခံယူခြင်းဖြင့် မိမိတို့ပါတီ၏ ဦးဆောင်မှုအခန်းကဏ္ဍကို မြှင့်တင် ရပါမယ်လို့ စာရေးသူသုံးသပ်တင်ပြလိုပါတယ်။
(၆၇)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေ ထွေညီလာခံတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ''မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် အလွန်ခက်ခဲနက်နဲပြီးစိတ်ရှည် ရန်လိုအပ်ကြောင်း''ထည့်သွင်းပြောကြားသည် ကို မှတ်သားမိပါတယ်။ ထို့အတူ စက်တင်ဘာလ ၂၇ရက်က နယူးယောက်ရှိ Asia Society အသင်း ရုံး၌အမှာစကားပြောကြားရာတွင်''မြန်မာနိုင်ငံဒီမို ကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်လာရုံ၊ လွှတ်တော်များ ပေါ်ပေါက်လာရုံ၊နောက်တစ်ခါရွေးကောက်ပွဲတွေ လုပ်ရုံနှင့် အောင်မြင်မှုရမှာမဟုတ်ပါဘူး။ ဒါ ကြောင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ကာလ ရှည်ကြာပျောက်ဆုံးနေတဲ့ Democratic Culture လို့ဆိုတဲ့ ဒီမိုကရေစီယဉ်ကျေးမှုတစ်ရပ်ကို ပြန် လည်အသက်သွင်းရမှာဖြစ်ပါတယ်''ဟု မိန့်ကြား ခဲ့ပါတယ်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးလုပ်ငန်းစဉ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် အောက်ခြေမှဗဟိုအထိ တိုင်ခက်ခဲနက်နဲသော အရေးကိစ္စများကိုစိတ်ရှည် သည်းခံပြီး ဆက်လက်ကျော်လွှားကြရဦးမည်ဖြစ် ပါတယ်။ မြန်မာနိုင်ငံ၏ကာလရှည်ကြာစွာပျောက် ဆုံးနေခဲ့သော ဒီမိုကရေစီယဉ်ကျေးမှုတစ်ရပ်ပြန် လည်ထူထောင်ချိန်တွင် မိမိတို့၏ပါတီခေါင်း ဆောင်များက ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲမထားဘဲ နိုင်ငံနှင့်ပြည်သူတို့၏အကျိုးစီးပွားကိုသာ ဦးထိပ် ထားဆောင်ရွက်နေသည်ဖြစ်ရာ ပါတီဝင်များက လည်း လူမှုရေးအသင်းဝင်ဘဝကတည်းက ချ မှတ်ထားသည့် ကိုယ်ကျိုးစွန့်စိတ်ထားဖြင့် ပါတီ အကျိုးနှင့်နိုင်ငံအကျိုးကို ဦးစားပေးဆောင်ရွက် ကြဖို့သာရှိပါတယ်။
မြန်မာနိုင်ငံ၏ပါတီစုံစနစ်တွင် ပါတီများစုံ လင်စွာပါဝင်သည်ကိုမူလကတည်းကပင်လိုလား ခဲ့ကြပါတယ်။ ၂ဝ၁၂ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲဖြင့် လွှတ်တော်အတွင်းသို့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အားလမ်းဖွင့်ပေးခဲ့သည်မှာလည်း ထူးခြားသောလုပ်ရပ်ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပပြီးနောက် မိမိတို့သာအာဏာရပါတီဆိုပြီး ထင်ရာမစိုင်းခဲ့သည်မှာလည်း သမိုင်းတွင်ကျန်ရစ် ခဲ့မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ အထင်ကရမှတ်တိုင်ကြီးပင်ဖြစ်တယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်နေသည်မှာလည်း တပ်မတော်အစိုးရက လက်ဆင့်ကမ်းပေးလိုက် သည့် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး တာဝန်ကို ရွပ်ရွပ်ချွံချွံထူးထူးခြားခြားထမ်းဆောင် နေခြင်းဖြစ်ပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးနှင့်လူမှုရေးပြုပြင်ပြောင်းလဲမှု၊ အစိုးရ အုပ်ချုပ်ရေးစနစ်ပြုပြင်ပြောင်းလဲမှု၊ ပုဂ္ဂလိက ကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးပြုပြင်ပြောင်းလဲမှု စသည့် နိုင်ငံတော်နှင့်နိုင်ငံသားများ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ကို တွေ့ရပါတယ်။
ဆောင်းပါးရှင်-မျိုးဇာနည်
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment