ကမ္ဘာဂြိုဟ် (အင်္ဂလိပ်: Earth) သည် လူသားများ၊ တိရိစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်သည်။ နေမှရေတွက်ပါက တတိယမြောက်ဂြိုလ်တစ်စင်း ဖြစ်သည်။ ကမ္ဘာတွင် ဂြိုဟ်ရံလတစ်စင်းသာရှိသည်။ ကမ္ဘာသည် နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး တစ်နှစ်ဟုသတ်မှတ်ကြသည်။ နေသည် ကမ္ဘာကို ထွန်းလင်းရန် အလင်းရောင်နှင့် အပူချိန်ကိုပေးသည်။ ကမ္ဘာသည် ရေပါဝင်မှု ၇၁% နှင့်[၁] ကုန်းမြေ ၃၀% ခန့်ရှိသည်။ နေအဖွဲ့အစည်းအတွင်း သက်ရှိနေထိုင်နိုင်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်။ သက်ရှိမျိုးစိတ်ပေါင်း ၁၀-၁၄ မီလီယံခန့် နေထိုင်ကြပြီး[၂] လူသားမျိုးနွယ်တို့မှာ အရေအတွက်အားဖြင့် ၇.၃ ဘီလီယံခန့်ဖြစ်သည်။ အနီးရှိ ကြာသပတေးဂြိုဟ် ၏ ပြင်းထန်သော ဒြပ်ဆွဲငင်အားကြောင့် ဥက္ကာပျံများ၏ တိုက်မိနိုင်ချေမှ အတန်အသင့်အကာအကွယ် ရနေသည်ဟု ယူဆထားသည်။
အရွယ်အစား
ကမ္ဘာ၏အချင်းမှာ ကီလိုမီတာ ၁၂,၇၁၄ ရှိသည်။ ကမ္ဘာ၏အဝန်းမှာ ကီလိုမီတာ ၄ဝ,ဝ၇၅ ရှိသည်။
အရောင်
အာကာသမှကြည့်လျှင် ပြာလဲ့လဲ့နှင့် တိမ်များရှိနေခြင်းကြောင့် လှပသော ဖန်ဂေါ်လီတစ်လုံးကို မြင်ရသကဲ့သို့ရှိသည်။
ယေဘုယျအချက်အလက်များ
သက်တမ်း = ၄၅၀၀,၀၀၀,၀၀၀ နှစ်
ဧရိယာ = ၅၀၉,၆၀၀,၀၀၀ စတုရန်း ကီလိုမီတာ (၁၉၇,၀၀၀,၀၀၀) စတုရန်းမိုင်
မြေထု = ၆၀ x ၁၀ ၂၄ ကီလိုဂရမ်
မြေပြင်ဧရိယာ = ၁၄၈,၀၀၀,၀၀၀ စတုရန်း ကီလိုမီတာ၊ ၅၇,၀၀၀,၀၀၀ စတုရန်းမိုင် (ခန့်မှန့်ခြေအရ စုစုပေါင်းဧရိယာ၏ ၂၉%)
ရေပြင်ဧရိယာ = ၃၆၁,၀၀၀,၀၀၀ စတုရန်း ကီလိုမီတာ၊ ၁၄၀,၀၀၀,၀၀၀ စတုရန်းမိုင် (ခန့်မှန့်ခြေအရ စုစုပေါင်းဧရိယာ၏ ၇၁%)
အဝန်း (အီကွေတာ) = ၄၀၀၇၆ ကီလိုမီတာ၊ ၂၄၉၀၂ မိုင်
အဝန်း (မီရီဒီယန်) = ၄၀၀၀၀ ကီလိုမီတာ၊ ၂၄၈၆၀ မိုင်
အချင်း(အီကွေတာ) = ၁၂၇၅၇ ကီလိုမီတာ၊ ၇၉၂၇ မိုင်
အချင်း(မီရီဒီယန်) = ၁၂၇၁၄ ကီလိုမီတာ၊ ၇၉၀၀ မိုင်
ဝင်ရိုးပေါ်တွင် လည်သည့်ကာလ = ၂၃ နာရီ ၅၆ မိနစ် ၄.၉၉၆ စက္ကန့်
မြေစပ်လေထု = ၈၀ ကီလိုမီတာ၊ မိုင် ၅၀ ထုထည်
အလယ်လွှာ (အပေါ်ယံ) အထူ = ကီလိုမီတာ ၇၀၀/ မိုင် ၄၃၀
အလယ်လွှာ (အောက်ပိုင်းအထူ) အထူ = ကီလိုမီတာ ၂၂၀၀/ မိုင် ၁၃၇၀
အတွင်းသား အနှစ်ပိုင်း (အပြင်) အထူ = ကီလိုမီတာ ၂၂၅၀/ မိုင် ၁၄၀၀
အတွင်းသား အနှစ်ပိုင်း (အတွင်း) အထူ = ကီလိုမီတာ ၃၄၈၀/ မိုင် ၂၁၆၀
အတွင်းသား သိပ်သည်းမှု = ၁၃.၀၉ ဂရမ်/ စင်တီမီတာ၃
အတွင်းအနှစ်ပိုင်း အပူချိန် = ၄၅၀၀ စင်တီဂရိတ်
မြေမျက်နှာပြင် အပူချိန်= ပျမ်းမျှ ၁၅ ဒီဂရီ ဆဲဆီးယပ်
ကမ္ဘာမြေကြီး အပေါ်ယံ အခွံပိုင်း ဖွဲ့စည်းမှု
အောက်ဆီဂျင် - ၄၆.၆ %
ဆီလီကွန် - ၂၇.၇၂ %
အလူမီနီယံ - ၈.၁၃ %
သံ - ၅.၀%
ကယ်လ်စီယမ် - ၃.၆၃ %
ဆိုဒီယမ် - ၂.၈၃ %
ပိုတက်ဆီယမ် - ၂.၅၉ %
မက်ဂနီဆီယမ် - ၂.၀၉ %
အခြားဒြပ်စင် - ၁.၄၁ % [၃]
credit-beetalk
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment