အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ကူပါတီနိုမြို့မှာ ကျင်းပခဲ့တဲ့ပွဲအတွင်း Apple ကုမ္ပဏီအနေနဲ့ ထုတ်ကုန်ပစ္စည်းအသစ်တွေဖြစ်တဲ့ iPhone SEနဲ့ ယခင်ထက်အရွယ်အစားပိုမိုသေးငယ်တဲ့ iPad proကို မိတ်ဆက် ပြသခဲ့တယ်လို့ စပွန်နစ်သတင်းမှာဖော်ပြထားပါတယ်။ (၄)လက်မအရွယ် iPhone SE ဟယapple ရဲ့ ထွက်ရှိပြီးတဲ့ iPhone 5S နဲ့ အရွယ်အစားချင်း တူညီပေမဲ့ ဖုန်းရဲ့ လုပ်ဆောင်ပုံ၊ graphic ပိုင်းကတော့ 6s နဲ့ တူတဲ့အပြင် အဆင့်မြှင့်တင်ထားတဲ့ 12-megapixel ကင်မရာက သာမန်ရုပ်သံကြည်လင်မှုထက် ၄ဆ ပိုမိုကြည်လင်တဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်တယ် လို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့်ချစ်ပိုင်းမှာတော့ လက်ရှိ iPhone 6s မှာ သုံးထားတဲ့ 64-bit A9 ပရိုဆက်ဆာ နဲ့ M9 chip တွေကို iPhone SEမှာအသုံးပြုထားပြီး၊ 5s ထက် စွမ်းဆောင်ရည်ပိုမြင့်လာပါတယ်။ မိုဘိုင်းငွေပေးချေမှုစနစ် Apple Pay လည်း iPhone SE မှာပါဝင်ပါတယ်။အဲ့ဒီပွဲမှာ မိတ်ဆက်ပြသခဲ့တဲ့ iPad Pro ရဲ့မျက်နှာပြင်အရွယ်အစားကတော့ (၉.၇)လက်မရှိပြီး ယခင်နှစ်က ထွက်ရှိခဲ့တဲ့ iPad Proထက် အရွယ်အစား သေးငယ်တယ်လို့ သိရပါတယ်။ ယခင်iPad မော်ဒယ်တွေထက် အရွယ်အစားသေးငယ်တဲ့ iPad Pro မှာ“True Tone” လို့အမည်တွင်တဲ့ လုပ်ဆောင်ချက်တစ်ခုပါဝင်ပြီး အဆိုပါလုပ်ဆောင်ချက်အရ ဖုန်းမျက်နှာပြင်ဟာ ပတ်ဝန်းကျင်အလင်းအမှောင်ပေါ်မူတည်ပြီး အလင်းအာရုံခံနိုင်မှာဖြစ်တာကြောင့် ဖုန်းမျက်နှာပြင် အလင်းရောင်ဖြာထွက်မှုကို အလိုအလျှောက်ထိန်းညှိပေးနိုင်ပါတယ်။iPad Pro အသေးမှာတော့ 12.1 Megapixel ကင်မရာထောက်ပံ့ထားတဲ့အပြင် True Tone Flash မီးပါဝင်ပြီး၊ 4K resolution ရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။အခု iPad Pro ကို Rose Gold အရောင်နဲ့ ရရှိနိုင်မှာ ဖြစ်ကာ iPhone SEကိုတော့ မေလကုန်မှာ နိုင်ငံပေါင်း (၁၁၀)ခန့်မှာ ၀ယ်ယူရရှိနိုင်မှာဖြစ်ပြီး စတင်ရောင်းချတဲ့အချိန်မှာ အမေရိကန်ဒေါ်လာ (၃၉၉)နဲ့ ရောင်းချမှာဖြစ်တဲ့အတွက် သမိုင်းကြောင်းအရ ထွက်ရှိခဲ့ပြီးဖြစ်တဲ့ iphone တွေထဲမှာ ဈေးအသက်သာဆုံး ဖြစ်တယ်လို့ Apple က ဆိုပါတယ်။ အသစ်ထွက်ရှိလာမဲ့ iPad Proကတော့ သိုလှောင်မှု အရွယ်အစား (၃)မျိုးနဲ့ ပေါ်ထွက်လာမှာဖြစ်ပြီး အများဆုံးသိုလှောင်နိုင်တဲ့ ပမာဏကတော့ ၂၅၆ ဂစ်ဂါဘိုက် ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ iPad Proရဲ့ တန်ဖိုးကတော့ သိုလှောက်မှု ပမာဏ ၂၅၆ ဂစ်ဂါဘိုက်ကို အမေရိကန်ဒေါ်လာ (၉၀၀) နဲ့ အမေရိကန်ပြည်ထောင်စုမှာ အခုလကုန် စတင်ရောင်းချသွားမှာ ဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
credit-netguide journal
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment