Sunday, 17 April 2016

Samsung Galaxy A5



Samsung Myanmar မှ ခေတ်မီဆန်းသစ် လှပသော ဒီဇိုင်း၊ လုံခြုံစိတ်ချရ သော တစ်ကိုယ်ရည် အချက်အလက် ကာကွယ်နိုင်စွမ်းအားနှင့် အဆင့်မြှင့် တင်ထားသည့် ကင်မရာ လုပ်ဆောင်ချက် အသစ်များစွာ ပါဝင်ထည့်သွင်း ထားသည့် နောက်ဆုံးပေါ် Galaxy A5 စမတ်ဖုန်းအား မြန်မာနိုင်ငံတွင် ဝယ်ယူ ရရှိနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။

Galaxy A5 (2016) တွင် Samsung ၏ နောက်ဆုံးပေါ် တီထွင်ဖန်တီးထား သော ဒီဇိုင်း၊ နည်းပညာတို့နှင့်အတူ သုံးစွဲသူ တစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဟန် အား ဖော်ပြပေးနိုင်သည့် စွမ်းဆောင်ရည်နှင့် လုပ်ဆောင်ချက်များကို ထည့် သွင်းပေးထားပြီး ၅.၂ လက်မ အရွယ်အစားနှင့် ထွက်ရှိလာခြင်းဖြစ်သည်။

Galaxy A5 (2016) တွင် နောက်ဆုံး ထွက်ရှိခဲ့သော အဆင့်မြင့်တန်း Samsung Galaxy စမတ်ဖုန်း၏ ဒီဇိုင်းအား အခြေခံထားပြီး သတ္တုနှင့် ဖန်သားပြင်အား ပေါင်းစပ်၍ လိုက်ဖက်ညီစွာ ဒီဇိုင်း လှပကျော့ရှင်းစွာဖြင့် ဖန်တီးထုတ်လုပ်ထားပြီး အဆင့်မြင့် မြင်ကွင်း ခံစားမှု အတွေ့အကြုံအား သေးငယ်ကျဉ်းမြောင်းသော ဘေးဘောင်နှင့်အတူ ခံစားနိုင်ရန် ဖန်တီးထုတ် လုပ်ထားသည်။ Galaxy A5 တွင် တစ်ကိုယ်ရေ အချက်အလက်များ လုံခြုံမှု ရှိစေရန် လက်ဗွေရာ လုံခြုံရေးစနစ်ဖြင့် ကာကွယ်ထားပြီး နိုင်ငံအချို့တွင် စတင်အသုံးပြုနေပြီဖြစ်သည့် Samsung Pay ကိုလည်း Magnetic Secure Transmission (MST) နှင့် Near Filed Communication (NFC) နည်းပညာ နှစ်မျိုးလုံးဖြင့် အသုံးပြုနိုင်သည်။

Galaxy A5 (2016) သည် ပိုမိုတောက်ပ၍ ပိုမိုကြည်လင် ပြတ်သားသော ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးနိုင်ရန်အတွက် ပိုမိုကောင်းမွန်၍ အဆင့်မြှင့် တင်ထားသော ကင်မရာစနစ်အား ထည့်သွင်းပေးထားသည်။ အဆင့်မြှင့် တင် ထားသော ကင်မရာတွင် ဓာတ်ပုံများ ဝေဝါးခြင်းအား ကာကွယ်ရန် အတွက် Optical Image Stabilization (OIS) နှင့် သုံးစွဲသူများ အနေဖြင့် အလင်းရောင်း အားနည်းသော အခြေအနေများတွင်ပင် ကောင်းမွန်ကြည် လင်သည့် ဓာတ်ပုံများ ရိုက်ကူးရယူနိုင်မည့် F/1.9 lens နှင့် အရှေ့၊ အနောက် ကင်မရာများ ပါဝင်ထားပြီး Wide Selfie ၊ ခလုတ် နှိပ်စရာ မလိုဘဲ လက်ဖဝါး ပြရုံဖြင့် Selfie ဓာတ်ပုံရိုက်ကူးန်ုင်သော Palm Selfie နှင့် ချောမွေ့လှပသော မျက်နှာ အနီးကပ် ရိုက်ချက်များအတွက် အလိုအလျောက် ပြုပြင်ပေးသည့် Beautifying Effects အစရှိသည့် အထူးပြုလုပ်ချက်၊ လုပ် ဆောင်ချက် အသစ်များ ပါဝင်ထားသည်။

Galaxy A5 (2016) ကို မြန်မာနိုင်ငံရှိ Samsung Brand Shop များနှင့် နိုင်ငံအဝှမ်းရှိ အရောင်းကိုယ်စားလှယ် ဆိုင်များတွင် ဇန်နဝါရီလ (၂၈) ရက် နေ့မှ စတင် ဝယ်ယူနိုင်ပြီဖြစ်ပြီး အဖြူ၊ အနက်၊ ရွှေနှင့် ပန်းရောင် တို့ကို ဈေးနှုန်းအားဖြင့် ၅၀၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ A5 ၀ယ်ယူ သူများ အနေဖြင့် 32GB microSD Card နှင့် MPT SIM Card တစ်ခုစီကို လက်ဆောင်အဖြစ် ထည့်သွင်း ပေးအပ်သွားမည်ဖြစ်ပြီး MPT SIM Card အား လစဉ် ကျပ် တစ်ထောင် ထည့်သွင်းပြီး အသုံးပြုပါက Data 777MB (အင်တာနက်အသုံးပြုခြင်း) အခမဲ့အဖြစ် ၆ လ ဆက်တိုက် ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။







အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment