Saturday, 14 May 2016

ထင်ရုံသာထင်လိုက်ပါ

သူငယ်ချင်းနှစ်ယောက် လမ်းတွင် ဆုံမိကြ၏။

ဤတွင် တစ်ဦးက စကားစပြော၏။

“မင်းတို့လင်မယား နှစ်ယောက် အဆင်မပြေဘူးဖြစ်နေတယ်လို့ ကြားတုန်းက တကယ့်ကို စိတ်မချမ်းသာဘူးကွာ။ ဟော အခု ပြန်အဆင်ပြေသွားကြတယ်ဆိုတော့ သိပ်ကိုဝမ်းသာတယ် သူငယ်ချင်း”

“ဟ ကောင်ရ ဘယ်မှာအဆင်ပြေလို့လဲ၊ မဟုတ်ကဟုတ်ကတွေ ပြောမနေနဲ့ကွာ”

“ဘာ မဟုတ်က ဟုတ်ကရမှာလဲ၊ မနေ့တုန်းက အိမ်ပေါ်မှာ တဒုန်းဒုန်းနဲ့ နှစ်ယောက်အတူ ထင်းခွဲနေကြတယ် မဟုတ်လား”

“သေပါတော့ကွာ အဲဒါ နှစ်ယောက်ပိုင်ဆိုင်တဲ့ အိမ်ထောင်ပရိဘောကတွေကို တစ်ယောက်တစ်ဝက်စီ ပိုင်းနေတာကွ”

 

Credit - ကိုရွှေတောသား



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment