Sunday, 22 May 2016

သင်ဒီအနံ့ငါးမျိုးမရရင်သေခါနီးပြီ



၁) ငါး

၂) ပူစီနံ

၃) နှင်းဆီ

၎) သားရေ

၅) လိမ္မော်


အစရှိတဲ့ အနံ့ များထဲမှ တစ်ခုခု သို့မဟုတ် အားလုံးကို မရတော့ဘူး ဆိုရင် မိမိဟာ သေခါနီး လူတစ်ယောက်ဖြစ်ပါတယ်လို့ အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုရှိ တက္ကသိုလ်တစ်ခုမှ သုတေသန ပညာရှင်များက ထုတ်ပြန်ခဲ့ပါတယ်။


လန့်မသွားပါနဲ့။ အချို့ အနေနဲ့ အကြောင်း အမျိုးမျိုးကြောင်း ယင်း အနံ့တွေကို မရတာလည်း ရှိပါတယ်။ ဥပမာ နှာခေါင်းပိတ်နေတာတို့ အနံ့တစ်ခုခုကို အရမ်းယဉ်သွားတာကြောင့် မသိတော့တာတို့အပြင် အခြား အကြောင်းအချက်များလည်း ရှိပါတယ်။ ဒါပေမယ့် ယင်း အနံ့များကို အရင်က သိနေပြီး ယခုမှ ရုတ်တရက် အနံ့မရတော့တာမျိုးဆိုရင်တော့ တစ်ခုခုတော့ မှားနေပါပြီ။ နီးစပ်ရာ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်များထံ သွားစစ်ဖို့လည်း အကြံပေးထား ပါတယ်။


ချီကာဂိုရှိ တက္ကသိုလ်အနေနဲ့ သုတေသနကို အသက် ၅၀ ကျော်လူများနဲ့ စမ်းသပ်ခဲ့ခြင်း ဖြစ်ပြီး အသက် ၅၇ ကျော်သူ အများစုဟာ ယင်း အနံ့များကို မရရှိတော့ခြင်း ဖြစ်ပါတယ်။ ဒါဟာ အသက်ကြီးလာခြင်းရဲ့ လက္ခဏာ အပြင် အသက် သက်တမ်း ကုန်ခါနီး လက္ခဏာကိုလည်း ပြကြောင်း ဆိုပါတယ်။ ဒီတော့ ငါးနှစ်အတွင်း သက်တမ်း ကုန်နိုင်ကြောင်းပါ တွက်ချက် ဖော်ပြ ထားပါတယ်။ ဒါကြောင့်မို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ငါး၊ ပူစီနံ၊ နှင်းဆီ၊ သားရေ၊ လိမ္မော် အစရှိတဲ့ အနံ့တို့ကို မရတော့ရင်လည်း ဒါဟာ သက်တမ်းကုန်ဖို့ နီးစပ်တဲ့ အနေအထား တစ်ခုဖြစ်ကြောင်းလည်း ဖော်ပြခဲ့ ပါတယ်။


Credit : ရိုးရာလေး



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment