နယ်သာလန်နိုင်ငံနှင့် ဘယ်လ်ဂျီယန် နယ်စပ်
***********************************
နှစ်နိုင်ငံ နယ်နိမိတ်သည် Baarle မြို့ကို ဖြတ်သန်းသွားသည်။
ထို့ကြောင့် Baarle မြို့၏ တဝက်သည် ဘယ်လ်ဂျီယန်နိုင်ငံတွင်းသို့ ပါသွားပြီး ကျန်တဝက်သည် နယ်သာလန်နိုင်ငံ၏ အစိတ်အပိုင်းတခု ဖြစ်သွားသည်။
အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံ နယ်နိမိတ်
*******************************
အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံသည် မသင့်မြတ်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သည်။
ပုံတွင်ပါသော လိမ္မော်ရောင်မျဉ်းသည် နှစ်ပေါင်းများစွာ အငြင်းပွားလာခဲ့သော အိန္ဒိယ နှင့် ပါကစ္စတန် နှစ်နိုင်ငံကြား ၂၀၀၈ ကီလိုမီတာ ရှည်လျားသော နယ်နိမိတ်ဖြစ်သည်။
Armenia နိုင်ငံနှင့် Turkey နိုင်ငံ
****************************
လှပသော Aras မြစ်သည် အံသြဖွယ် နှစ်နိုင်ငံ နယ်နိမိတ်တခု ဖြစ်သည်။
Everst တောင်
*************
ကမ္ဘာမြေ၏ အမြင့်ဆုံးဖြစ်သည့် Everst တောင်သည် တရုတ်နှင့် နီပေါနိုင်ငံကြား နယ်နိမိတ်တခု ဖြစ်သည်။
လေးနိုင်ငံ နယ်စပ်
***************
ကမ္ဘာပေါ်တွင် တခုတည်းသော ၄ နိုင်ငံ နယ်စပ်တခု ဖြစ်သည်။
Namibia နိုင်ငံ, Zambia နိုင်ငံ, Zimbabwe နိုင်ငံ နှင့် Botswana နိုင်ငံများ ဖြစ်သည်။
ကမ္ဘာ့ အံ့သြဖွယ်တခုဖြစ်သော်လည်း မကြာခဏ အငြင်းပွားရာ နေရာတခု ဖြစ်သည်။
ပိုလန်နှင့် ယူကရိန်း နယ်နိမိတ်
************************
ပိုလန်နှင့် ယူကရိန်း နယ်စပ်ရှိ ငါးရုပ်ကြီးများသည် နှစ်နိုင်ငံ ပေါင်းစည်းခြင်း သင်္ကေတအဖြစ် ထားရှိခြင်း ဖြစ်သည်။
ပိုလန်မှ အနုပညာရှင် Jaroslaw Koziara ၏ စိတ်ကူးဒီဇိုင်း ဖြစ်သည်။
ဘရာဇီးနှင့် အာဂျင်တီးနား နယ်စပ်
*****************************
ဘရာဇီးနှင့် အာဂျင်တီးနား နယ်စပ်ကို အလွန်လှပသော သဘာဝအတိုင်းဖြစ်တည်နေသည့် Iguazú ရေတံခွန်ဖြင့် ခြားနားထားသည်။
နိုင်ငံ ၃ ခု ကြားက စားပွဲ
********************
နိုင်ငံ ၃ ခုတွင် တပြိုင်တည်း မနက်စာစားလိုပါသလား?
ပုံတွင် ပါသော တြိဂံပုံ စားပွဲတွင် မနက်စာစားလိုက်ပါက စလိုဗက်ကီးယား၊ သြစတြီးယား နှင့် ဟန်ဂေရီ သုံးနိုင်ငံတွင် တပြိုင်တည်း စားပြီး ဖြစ်ပါလိမ့်မည်။
Roraima တောင်
*****************
ဗင်နီဇွဲလား၊ ဘရာဇီး နှင့် Guyana နိုင်ငံ ၃ ခုကြား နယ်စပ်တောင် ဖြစ်သည်။
နော်ဝေ နှင့် ဆွီဒင် နှစ်နိုင်ငံ နယ်နိမိတ်
********************************
နော်ဝေ နှင့် ဆွီဒင် နှစ်နိုင်ငံကို ပုံတွင် ပါသော အပင်များဖြင့် ခြားထားသည်။
ထိုနေရာသည် နှင်းလျောသည့် နေရာတခုလည်း ဖြစ်ပြီး နှင်းလျောစီးခြင်းကို ဆွီဒင်နိုင်ငံက ခွင့်ပြုထားသော်လည်း နော်ဝေနိုင်ငံက တားမြစ်ထားသည်။
Tensed border
*****************
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နယ်စပ်သည် ကမ္ဘာ့လုံခြုံရေး အတင်ကြပ်ဆုံး နယ်နိမိတ်တခု ဖြစ်သည်။
Haiti နှင့် Dominican Republic နှစ်နိုင်ငံ နယ်စပ်
*******************************************
Haiti နိုင်ငံ၏ သစ်တော အပြောင်ရှင်း ပေါ်လစ်စီ နှင့် Dominican Republic နိုင်ငံကြား နယ်နိမိတ်သည် သိသာထင်းရှားပေသည်။
အမေရိကန် နှင့် မက္ကဆီကို နိုင်ငံကြား နယ်နိမိတ်
***************************************
ကမ္ဘာပေါ်တွင် ဖြတ်သန်းသွားလာမှုအများဆုံး နယ်နိမိတ်တခု ဖြစ်ပြီး နှစ်စဉ် လူဦးရေ သန်းပေါင်း ၃၅၀ ဖြတ်သန်းလေ့ ရှိသည်။
နယ်နိမိတ်သည် ၂၀၀၀ ကီလိုမီတာ ရှည်လျားသည်။
ယခင် အရှေ့ ဂျာမဏီ နှင့် အနောက် ဂျာမဏီ နယ်နိမိတ်
*********************************************
ဘာလင်မြို့ရှိ ရေလက်ကြားလေးသည် ယခင် အရှေ့ ဂျာမဏီနှင့် အနောက် ဂျာမဏီကြား နယ်နိမိတ်တခု ဖြစ်ခဲ့သည်။
အရှေ့ဂျာမဏီနိုင်ငံသည် လမ်းမီးထွန်းရာတွင် Sodium bulbs မီးသီးများကို အသုံးပြုခဲ့ပြီး အနောက်ဂျာမဏီနိုင်ငံသည် halide bulbs မီးသီးများကို အသုံးပြုခဲ့ကြပြီး ယနေ့ထိတိုင် သတိထားကြည့်လျှင် တွေ့နိုင်ပါသေးသည်။
Credit : True Man
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment