Sunday, 22 May 2016

မှားတဲ့လိပ်စာ

ဆင်းရဲသားတစ်ယောက်ဟာ ဘုရားကျောင်း အပြင်ဘက်မှာ ထိုင်ပြီး ပိုက်ဆံတောင်း နေပါတယ်။

“ဘဂဝမ်ရဲ့ မေတ္တာနဲ့ ဒီလူဆင်းရဲ ဗိုက်ပြည့်အောင် ပိုက်ဆံလေး နည်းနည်းလောက် မစကြပါ။
ဘဂဝမ်က ခင်ဗျားတို့ကို စောင့်ရှောက်ပါ လိမ့်မယ်။” လို့ သူက အော်ဟစ်နေပါတယ်။

ဒါပေမယ့်လည်း ဘုရား လာရှိခိုးတဲ့သူတွေက သူကို ပိုက်ဆံနည်းနည်းလေးပဲ ပေးကြပါတယ်။

စိတ်ပျက်လာတာနဲ့ သူတောင်းစားဟာ ဘုရားကျောင်းက ထွက်လာပြီး အရက်ဆိုင်တစ်ဆိုင်ရဲ့ အပြင်ဘက်မှာ ထိုင်နေပါတယ်။

“ဘဂဝမ်ရဲ့ မေတ္တာနဲ့ တစ်ပြား၊ နှစ်ပြားလောက် စွန့်ကြဲကြပါ။” လို့ သူက အော်ပါတယ်။

ဆိုင်ထဲကနေ မူးပြီးထွက်လာတဲ့သူတွေက ရူပီးငွေငွေတွေကို သူ့ခွက်ထဲကို ထည့်သွားကြပါတယ်။

ဘုရားကို ကျေးဇူးတင်လို့ သူတောင်းစားက ဒီလိုပြောပါတယ်။

“ဟေး ဘဂဝမ်။ ကျွန်ုပ်တော့ နားမလည်နိုင်တော့ဘူး။
အသင် ကျွန်ုပ်ကိုပေးတာ လိပ်စာကတစ်မျိုး။နေတော့ အခြား တစ်နေရာ။ဘယ်လို ဖြစ်တာလဲ။” တဲ့


Credit - ဖတ်ဖူးသမျှဟာသ 



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment