Friday, 6 May 2016

မိန်းမချင်းတူပေမဲ့




မိန်းမချင်းတူတယ်။ 

အရည်အချင်းကွာတယ်၊ အတွေ့အကြုံ ကွာတယ်၊ ၀တ်စားဆင်ယင်မှုကွာတယ်၊

အပြောအဆိုကွာတယ် ၊ အနေအထိုင်အပြု အမူကွာတယ်၊ 

ဒီတော့ အနေအထားတွေ ကွာတယ်၊ 

အဲ့ဒီ အနေအထားတွေ ကွာတော့ စိတ်ဓာတ်တွေလည်း ကွာတယ်၊

စိတ်ဓာတ်တွေ ကွာတော့ အဆင့်အတန်းတွေ ကွာတယ်၊ 

အဆင့်အတန်းတွေ ကွာတော့ တန်ဖိုးတွေလည်း ကွာခြားသွားတော့တာပေါ့။



အဆင့်အတန်းဆိုတာ ငွေကြေးချမ်းသာကြွယ်ဝမှုနဲ့ မဆိုင်ဘူး၊

အနေအထားဆိုတာ စည်းစိမ်ပိုင်ဆိုင်မှုနဲ့ မဆိုင်ဘူး ၊ 

စိတ်ဓာတ်တွေနဲ့ပဲ ဆိုင်တယ်၊ လုပ်ရပ်တိုင်းဟာ စိတ်ကြောင့်ဖြစ်တယ် ငွေကြောင့် မဟုတ်ဘူး။ စိတ်ကောင်းရင် လူကောင်းမယ် ၊ စိတ်သေရင် လူသေမယ်၊ စိတ်ပုတ်ရင် လူပုတ်မယ်၊


မိမိစိတ်ကြောင့် ကိုယ် ဘယ်လိုလူဆိုတာဖြစ်လာတယ်။ ဒါ့ကြောင့် အဆင့်အတန်းတွေ တန်ဖိုးတွေ ကွာခြားတယ်ဆိုတာ စိတ်ဓာတ်တွေကွာလို့ပဲဖြစ်တယ်။


မြန်မာပြည်မှာ အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက် ၂ သန်းကျော် ပိုများတယ်။ မိန်းမတွေ ပေါတယ် သို့သော် တန်ဖိုးရှိတဲ့ မိန်းမကောင်းတွေတော့ ရှားလာတယ်။


အများနည်းတူပြု မူရင်တော့ အများနည်းတူ စာရင်းထဲမှာပဲ ရှိလိမ့်မယ်၊ တန်ဖိုးရှိသူ ဖြစ်ချင်ရင်တော့ တန်ဖိုးရှိအောင် ကြိုးစားနေသင့်တယ်။ 


Credit Aung Zaw Htet



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment