Saturday, 28 May 2016

မီးကျွမ်းသွားတဲ့ဘီစကစ်





မီးကျွမ်းသွားတဲ့ ဘီစကစ်
_________________
ကျွန်တော်ငယ်စဉ်အခါတုန်းက မေမေဟာ ညစာစားပြီးတိုင်း အချိုပွဲတည်ဖို့ ဘီစကစ်မုန့် အမြဲဖုတ်ပေးတတ်ခဲ့တယ်။

အထူးသဖြင့်ညတစ်ညမှာ မေမေဟာ တစ်နေကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးသည့်တိုင် ဘီစကစ်မုန့်ဖုတ်ပေးနေခဲ့တယ်။
အဲဒီညက အဲဒီဘီစကစ်တစ်ပန်းကန်လုံး မီးတူးသွားခဲ့တယ်ဆိုပေမယ့် ဖေဖေဟာ ဘီစကစ်ကိုယူစားရင်း မေမေကို ပြုံးပြလိုက်ပါတယ်။
ပြီးတော့ ကျွန်တော်တစ်နေ့တာတက်ခဲ့တဲ့ အတန်းအခြေအနေကို မေးမြန်းနေခဲ့တယ်။

ထမင်းစား စားပွဲကနေ ကျွန်တော်ထထွက်ချိန် မေမေဟာ မီးကျွမ်းသွားတဲ့ဘီစကစ်အတွက် ဖေဖေကိုတောင်းပန်နေခဲ့ပါတယ်။
ဒါကို ဖေဖေက "ဟန်နီ... မီးကျွမ်းတဲ့ဘီစကစ်ကို မောင်ကြိုက်ပါတယ်"လို့ ပြန်ပြောပါတယ်။ အဲဒီစကားကို ကျွန်တော်ဘယ်တော့မှ မေ့သွားမှာမဟုတ်ပါဘူး။

အဲဒီညနက်မှာ မီးကျွမ်းသွားတဲ့ဘီစကစ်ကို ဖေဖေတကယ်ကြိုက်သလားလို့ ဖေဖေကို ကျွန်တော်မေးမိပါတယ်။ ဖေဖေက ကျွန်တော်ကိုဖက်ပြီး
"သားမေမေ တစ်နေကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ပြီးပြီ၊ သူမောပန်းနေခဲ့တာတောင် ဖေဖေတို့စားဖို့ ဘီစကစ်မုန့်ဖုတ်ပေးသေးတယ်။ မီးကျွမ်းသွားတဲ့ ဘီစကစ်တချို့က လူကို ဘာမှမထိခိုက်စေနိုင်ပါဘူး" လို့ ပြောခဲ့ပါတယ်။

နှစ်တော်တော်များများ ဖြတ်သန်းကျော်လွန်ပြီးတဲ့နောက် ဘဝမှာ ခြောက်ပစ်မကင်းတဲ့ လူနဲ့အရာဝတ္ထုတွေ ပြည့်နှက်နေကြောင်းကို
ကျွန်တော်သဘောပေါက်ခဲ့ရတယ်။ အဲဒါအရာတွေအတွက် ခွင့်လွှတ်စိတ်က အကောင်းဆုံးတုန့်ပြန်မှုဖြစ်သလို စိတ်ကောင်းစေတနာကိုလည်း တွေ့မြင်စေနိုင်တဲ့နည်းဖြစ်တယ်။
ဘီစကစ်မီးကျွမ်းသွားခဲ့သည့်တိုင် ဘဝရဲ့အရသာက ချိုမြိန်နေဆဲဖြစ်တယ်။

ပျော်ရွှင်ချမ်းမြေ့ခြင်းကို အမြဲခံစားပါ၊ ဆုတောင်းမေတ္တာပို့သပါ၊ အခြေအနေအားလုံးအတွက် ကျေးဇူးတင်ပါ......
─Holy Bible, I Thessalonians 5:16~18မှ ကောက်နှုတ်ချက်
Credit: နိုင်းနိုင်းစနေ



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment