Sunday, 29 May 2016

အကယ်၍ကျွန်မမုဒိန်းကျင်ခံရခဲ့လျှင်



အကယ်၍ ကျွန်မ မုဒိန်းအကျင့်ခံရလို့ ရှိရင် "ဟာ.. ဒီ အမျိုးသမီး ဘဝတော့ ပျက်ပါပြီ...။" လို့ လူတွေ ဝိုင်းပြောကြလိမ့်မယ်။


ဟုတ်ပြီ။ မေးလိုက်ချင်တယ်။ ကျွန်မဘဝဟာ ဘယ်နားလေးမှာ ပျက်သွားတာလဲ။ ကန်တော့ပါရဲ့..။ ဘယ်သူကများ ကျွန်မရဲ့ ဘဝနဲ့ ဂုဏ်သိက္ခာ ကို ယောနိထဲလာ ထည့်ထားခဲ့လို့ ပျက်သွားရမှာလဲ။


"အမျိုးသမီးတစ်ယောက် မုဒိန်းအကျင့်ခံရတဲ့ အခါ အသိုင်းအဝိုင်းဂုဏ်သိက္ခာ ကျဆင်းပြီး ဘဝပျက် ရတယ်။" ဆိုတာဟာ မဟာပုရိဿဝါဒ အတွေးအခေါ်ပါ။


အားလုံးကို အခု မေးလိုက်ချင်တယ်။ "ရှင်တို့က အသိုင်းအဝိုင်းရဲ့ ဂုဏ်သိက္ခာနဲ့ မိမိရဲ့ ဘဝကို အမျိုးသမီးတစ်ယောက်ရဲ့ ယောနိ ထဲမှာ ရှိနေတယ်လို့ မြင်ထားမိသလား။ ကျွန်မကတော့ ကျွန်မ ဘဝနဲ့ အသိုင်းအဝိုင်းရဲ့ သိက္ခာကို အဲဒီထဲမှာ မထားထားဘူး။"


အကယ်၍သာ တစ်စုံတစ်ယောက်ဟာ မုဒိန်းမှု တစ်ခုကြောင့် သိက္ခာကျရမယ်/ ဘဝပျက်ရမယ် ဆိုခဲ့ရင် အဲဒီလူဟာ မုဒိန်း အကျင့်ခံရသူ အမျိုးသမီး မဟုတ်ဘူး။ မုဒိန်းမှု ကျူးလွန်သူ ကိုယ်တိုင်ပဲ။


ကမ်လာ ဘာဆင်း

(Feminist အရေး လှုပ်ရှားသူ)

©The Indian Idiot

Credit : မှတ်စုကြမ်း



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment