Friday, 6 May 2016

ရုပ်မချောပေမဲ့လှအောင်ဘယ်လိုနေရမလဲ











၁ - ခန္ဓာကိုယ်ပုံစံ

ရုပ်ရည်ပိုင်းအားနည်းပေမဲ့ ခန္ဓာကိုယ်ပိုင်းက

ပြင်ဆင်လို့ရပါတယ်။ ဥပမာ- လက်ပြင်ကုန်းရင်ပြင်ဆင်ပြီး 

ခန္ဓာကိုယ်ကို မတ်မတ်လျှောက်ပါ။

၂ - သန့်ရှင်းစွာ

ဆံပင်၊အသားအရေစတာတွေကို သန့်သန့်ရှင်းရှင်းထားပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုရှိပါ။

၃ - ယုံကြည်မှု

ယုံကြည်မှုရှိမယ်လို့ထင်တဲ့အရာမျိုးကို လေ့လာဆည်းပူးပါ။ 

ဥပမာ - ရုပ်ရည်အားနည်းနေပေမဲ့ နယ်ပယ်တစ်ခုမှာ

ထူးချွန်တာမျိုးပါ။

၎ - ဆံပင်ပုံစံ

ဆံပင်ဟာ ဒုတိယမျက်နှာပါ။ ရုပ်ရည်ပြေပြစ်သူတောင် လိုက်ဖက်တဲ့ဆံပင်ပုံစံမရှိရင် ရုပ်ဆိုးသွားတတ်ပါတယ်။ လိုက်ဖက်တဲ့ဆံပင်ပုံစံကို ရှာဖွေပြီးညှပ်ပါ။

၅ - မျက်နှာ

မျက်နှာကို ဂရုစိုက်ပါ။ ပုံမှန်ပေါင်းတင်ပါ။ ဖြစ်နိုင်ရင်

ယုံကြည်ရတဲ့ တန်ဖိုးမြင့်အလှကုန်ပစ္စည်းကိုပဲ သုံးပါ။

၆ - မိတ်ကပ်

မိတ်ကပ်သုံးပါ။ အလွန်အကျွံပြင်ဆင်တာမျိုးကို မလိုအပ်ဘဲ 

မလုပ်ပါနဲ့။

၇ - စိတ်ထားကောင်းပါ

စိတ်ထားကောင်းဖို့လိုပါတယ်။ ကိုယ့်စိတ်ထားဟာ

မျက်နှာမှာဖော်ပြပါတယ်။ တစ်ချို့လူတွေဟာ 

ရုပ်ရည်ပိုင်းအားနည်းပေမဲ့ လူချစ်လူခင်ပေါတာ 

စိတ်ထားကြောင့်ပါ။

၈ - ပြုံးပါ

မျက်နှာချိုတာကလည်း လူတွေကို ဆွဲဆောင်နိုင်ပါတယ်။ 

အမြဲပြုံးပါ။

၉ - အဝတ်အစား

လိုက်ဖက်တဲ့အဝတ်အစားကိုပဲ ဝတ်ပါ။

ခေတ်စားနေတဲ့ စတိုင်တွေနောက်ကိုမလိုက်ပါနဲ့။

၁၀ - အစားအသောက်

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေပဲစားတဲ့ အလေ့အကျင့်လည်းရှိပါ။ နေ့စဉ်အသီးအနှံဖျော်ရည် 

တစ်ခွက်သောက်ပါ။

Photos & Source: wikiHow

★ ★ ★ ★ ★ 

Credit :duwun



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment