လယ်သမား
ဆောင်းဦးရာသီပါ..
မြောက်လေပြာပြာတွေ တည်ငြိမ်စီးမျော
ငါချစ်သော လယ်ခင်းကလေးမှာ အဝါရောင်တွေဝေပြီ...။
သူ့အတွက် ..ကျောက်မြေကိုငါထွန်ယက်ခဲ့ရ
သူ့အတွက် .. မိုးစက်ကိုငါပေါက်ခွဲခဲ့ရ
အခုတော့..
ငါချစ်သော လယ်ခင်းကလေးမှာ
အဝါရောင်တွေ ဝေပြီ...။
မြတ်နိုးခွင့် ကို လိမ်ကျစ်ထုတ်ပိုးရင်း
ဘယ်သူမှမခိုးအောင် စောင့်ရှောက်ရတဲ့ညများမှာ
ငါဟာ..
တမျှော်တခေါ် အလင်းဝိုးဝါး...။
ရေတွင်းကလေးလို..
ကိုယ့်ရင်ထဲက ရေစင်တွေကို..
အသံမထွက်အောင်တောင့်ရပ်ထားရတဲ့
၁၉၉၅..
ငါဟာ ရှက်တတ်တဲ့လယ်သမားကြီးပဲပေါ့...။ ။
တာရာမင်းဝေ
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment