Thursday, 26 May 2016

လူတွေလက်ခံတဲ့တန်ဖိုး




"စိန်"ဆိုတာ ဘယ်လောက်ပဲတန်ဖိုးရှိတယ်ပြောပြော

အသိဉာဏ်နိမ့်ပါးသေးတဲ့ 

ကလေးတစ်ယောက်အတွက်ကတော့ 

သူ့အရုပ်လေးနဲ့တောင် လဲနိုင်မှာမဟုတ်ပါဘူး .....

လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာလဲ 

တန်ဖိုးသိတဲ့ နားလည်တဲ့ လူနဲ့တွေ့မှသာ 

တန်ဖိုးဆိုတာ ဖြစ်လာတာပါ

ကိုယ့်တန်ဖိုးကိုမှ နားမလည်လိုက်လေခြင်း

ကိုယ့်ကိုယ်မှ တန်ဖိုးမထားလေခြင်းဆိုပြီးတော့

စိတ်မကောင်းဖြစ်စရာ မလိုပါဘူး

ကိုယ့်တန်ဖိုးကို နားလည်တဲ့သူမရှိမှတော့

မထူးတော့ပါဘူး လုပ်ချင်ရာလုပ်မယ်ဆိုပြီးတော့ 

နေဖို့လဲ မလိုပါဘူး .....

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင်သာနေပါ

ကိုယ်တန်ဖိုးရှိနေသရွေ့က တနေ့မဟုတ်တနေ့

ကိုယ့်တန်ဖိုးကို နားလည်တဲ့သူတစ်ယောက်တော့

ပေါ်လာမှာပဲလေ .....

ခရက်တစ်-(ကျွန်မတွေးမိသမျှ ရေးမိသမျှ)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment