Wednesday, 4 May 2016

မေတ္တလေ့ကျင့်ခန်း



`မေတ္တာလေ့ကျင်ခန်း´´
ဘယ်အရာမဆို စမိရင်စွဲတတ်တယ်။ မကောင်းတဲ့အရာဆို ပို
တောင်စွဲလွယ်သေးတယ်။
ကောင်းမှု့ကြတော့ အကြိမ်ကြိမ်လေ့ကျင့်ယူရတယ်။ လေ့ကျင့်တဲ့
နေရာမှာ အသေးဖွဲဆိုပြီးဂရုမစိုက်ပဲမနေမိဖို့ပဲလိုတယ်။
အဲဒီလိုလေ့ကျင့်ကြတဲ့နေရာမှာ စာကောင်းပေကောင်းတွေလည်း
ဖတ်ဖို့လိုတယ်။
သာသနာမှာ နေလို လလို ထင်ရှားခဲ့တဲ့ ဆရာတော်ဇနကာဘိဝံ
ဆိုရင် သူ့ကျောင်းကကိုရင်လေးနေမကောင်းဖြစ်တော့ ကိုယ်တိုင်ပြုစုတယ် 
စစ်အတွင်းမှာဆေးကလည်းမရှိတော့ ကွမ်းရွက်ပြုတ်ရည်လေးပဲတိုက်ပြီး
 ကိုယ်တိုင်နင်းနှိပ်ပေးတော်မူတယ်။
မိမိလည်းတခါမှာပေါ့။
အခန်းနားနီးချင်း ကိုရင်လေးတစ်ပါး ငှက်ဖျားဖြစ်တယ်။ ညနှစ်နာရီ
လောက်မှာ အန်ပြီးငိုသံကြားနေရတယ်။
အခြားအခန်းက ကိုယ်တော်တွေကြားသလားမကြားသလားတော့
မသိဘူး။ မိမိကတော့အိပ်ချင်မူးတူးနဲ့ကြားနေတယ်။ အိပ်
ချင်စိတ်ကြောင့် မထဖြစ်ဘူး။
ဒါပေမဲ့ ရုတ်တရက်အသိတခုဝင်ပြီးလန့်သွားတယ်။ ချက်ချင်းထပြီး
ကိုရင်အခန်းကိုသွားတယ်။
ကိုယ့်ကိုယ်ကိုတော်တော်အပြစ်တင်မိပြီး ရှက်လည်းရှက်သွား
တယ်။
ကုတင်အောက်မှာ အန်ဖတ်တွေနဲ့ပေပြီးလဲနေတဲ့ ကိုရင်ကိုမြင်
တော့ ကိုယ့်ဟာကိုရှက်လိုက်တာ။
ဒီလောက်တောင်မေတ္တာတရား နဲရလာကွာလို့ မပြစ်တင်မဆုံးတော့
ဘူး။
ဒီကလေးခမျာ မိဝေးဖဝေးနဲ့ နေနေရတာ ဒီအချိန်အရမ်းအားငယ်နေမှာ
ပေါ့။ ကိုရင်ရဲ့အန်ဖတ်တွေကြုံး။ချွေးသုတ်။သင်္ကန်းလဲပေး။ကိုရင်ကို
ချော့။အားပေးစကားပြော။ကိုရင်အိပ်သွားမှ ကိုယ့်အခန်းပြန်လာခဲ့တယ်
အချိန်မီ အသိလေး ဝင်လာခဲ့တာက ဆရာတော်ဇနကာဘိဝံသကို သတိ
ရသွားလို့။
တော်သေးတာပေါ့။ နို့မို့ဆို ဒီအဖြစ်ကြောင့် အမြဲတမ်းနောင်တရနေမိ
မှာ။ တခါတရားစခန်းဝင်တော့ ဆွမ်းတစ်ဝိုင်းမှာ ရဟန်းငါးပါးသုံးရတယ်
အချိုပွဲအဖြစ် ဖီးကြမ်းငှက်ပျောသီးလေးလုံးပါတယ်။ တပါးစာလိုနေ
တယ်။
မိမိအရင်တစ်လုံးယူပြီး ကျန်တဲ့ကိုယ်တော်တွေသူံးပါးကိုလည်း
တစ်လုံးစီပေးလိုက်တယ်။ရဟန်းတပါးက ခေါင်းခါတယ်။ သုံးပါးထဲ
ကတပါးက ငှက်ပျောသီးမကြိုက်ဘူးလို့ပြောမှ ခေါင်းခါတဲ့ကိုယ်တော်
ပြန်ယူပြီး သုံးတယ်။
ရှက်လိုက်တာ။ အစားလောဘကြောင့် မိမိတစ်ကိုယ်ကောင်းဆန်
ပြီး အရင်ဆုံးယူထားမိတာကိုး။
တရားစကား ဘယ်လိုပြောလဲ ငါ့မှာကိုယ်ချင်းစာတရား မေတ္တာတ
ရားအားနဲနေပါသေးလားလို့ ပြန်ဆင်ခြင်မိတယ်။
အဲဒီကစလို့ သတိထားတတ်ခဲ့တယ်။ကျွတ်ကျွတ်အိတ်ကလေးတွေသိမ်း
တတ်လာတယ်။ တချိုကဘာလုပ်မှာလဲလို့မေးတော့ လိုတဲ့လူပေးရ
အောင်ပေါ့။ သုံးလို့ရသေးရဲ့နဲ့ လွှင့်ပစ်ရင် ပတ်ဝန်းကျင်လည်း
ညစ်ပတ်တယ်။
ကလေးတွေကို ပေးရအောင် အချိုရည်ဘူးခွံတွေ ကောက်တယ်။
ဒါစိတ်ကိုလေ့ကျင့်နေတာပါ။ သူများတွေစိတ်ထဲမှာ အရေးပါချင်မှ
ပါပေမဲ့ မိမိစိတ်ထဲမှာတော့ တော်တော်အရေးပါတယ်လို့ပဲမြင်တယ်။
ဟုတ်တယ်။ လူဆိုတာက ကြီးကျယ်တတ်ကြတာမလား။မိမိအ
လုပ်ဟာသူတို့အတွက်တကယ့်သေးသေးလေးပေါ့။
ဒါပေမဲ့ စိတ်ကိုလေ့ကျင့်တဲ့နေရာမှတော့ ကြီးကျယ်တာကို သူတို့
မသိကြရှာဘူး။
``အသေးငယ်ဆုံးလို့ထင်ရတဲ့ အရာတွေက အကြီးကျယ်ဆုံးကုသိုလ်
ဖြစ်နေတတ်သည်တဲ့´´
Credit: အရှင်ပညာသီရိ(ရမ္မာကျွန်း)



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment