ဒီနွေ ပြင်သစ်မှာ ကစားမဲ့ ယူရိုပြိင်ပွဲအတွက် မန်ယူအသင်းသားတွေ ကိုယ့်နိုင်ငံအသင်းနဲ့ ပူးပေါင်းနေကြပါပြီ ။ နောက်တစ်ပါတ် နိုင်ငံအသင်း နဲ့အတူ ချစ်ကြည်ရေး ပွဲစဉ်ကို ပါဝင်ကစားနိုင်ဖို့ မသေချာတော့တဲ့ ကစား သမား နှစ်ယောက်ရှိနေပါတယ် ။ အဲ့တာကတော့ မန်ယူတိုက်စစ်မှူး မာရှယ်နဲ့ ခံစစ်မှူး ဘလိုင်းတို့ပဲ ဖြစ်ကြပါတယ် ။
ဘလိုင်းဟာ ပိုလန်နဲ့ကစားမဲ့ ဗုဒ္ဓဟူးနေ့ ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေပါတယ် ။ ဘလိုင်းဟာ ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ ပဲလေ့စ်နဲ့ FA ဖိုင်နယ် ပွဲစဉ်မှာ ခြေသလုံးကြွက်သား ဒဏ်ရာ ရရှိခဲ့ပါတယ် ။ အဆိုပါ ဒဏ်ရာ ဟာ အခုထက်ထိ မသက်သာသေးတာကြောင့် ပိုလန်နဲ့ ခြေစမ်းပွဲကို လွဲချော်တော့မှာပဲ ဖြစ်ပါတယ် ။
မာရှယ်ကတော့ တနင်္လာနေ့မှာ ကစားမဲ့ ကင်းမရွန်းနဲ့ ခြေစမ်းပွဲကို လွဲချော်တော့မှာပါ ။ မာရှယ်ဟာ ပေါင်ဒဏ်ရာ ရရှိခဲ့ပါတယ် ။ သို့ပေမဲ့ ပြင်သစ် နည်းပြ ဒက်စ်ချမ့်ကတော့ အသက် 20 သာရှိသေးတဲ့ အသင်း တိုက်စစ်မှူး မာရှယ်ကို ယူရို 2016 ရဲ့ တရားဝင် လူစာရင် 23 ယောက် မှာ ပါဝင်ကစားလိမ့်မယ်လို့ အတည်ပြုပြောကြားသွားပါတယ် ။
Credit – Sports Myanmar
အောင်မြင့်မြတ်(Myanmar Youths)
Labels
- ကဗျာ (71)
- ကျန်းမာရေးဗဟုသုတ (158)
- ချစ်မှုရေးရာ (45)
- စာအုပ်စင် (14)
- နည်းပညာ (223)
- ပညာပေး သင်ခန်းစာ (3)
- ပညာရေး (6)
- ဗဟုသုတ (242)
- ဘာသာရေး (2)
- ဝတ္ထုတို (36)
- ဟာသ (117)
- အလှအပရေးရာ (1)
- ဆောင်းပါးများ (111)
- ပြည်ခိုင်ဖြိုး သတင်း (4)
Monday, 30 May 2016
ဒါဏ်ရာရနေတဲ့မန်ယူကစားသမားနှစ်ယောက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment