Sunday, 8 May 2016

အမေဘယ်လိုခံစားနေမိမလဲဆိုတာ




အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ဟာ...သူ့ ရင်သွေးကို ပုခက်ထဲထည့်သိပ်ခဲ့ ပြီးခြံထဲက ရေဘုံပိုင်မှာ အဝတ်တွေလျှော်ပါသတဲ့ ~~~~

ဒါကို သူ့ ရဲ့ အမေဖြစ်သူ အဖွားအိုက~~~
အိမ် ကပြင်ကနေ ...ထိုင်ရင်းလှမ်းမြင်တော့သူ့ သမီးနေပူနေတာမို့ 
နေပူထဲ မလျှော်ဖို့ အော်ပြောရှာပါတယ်~~~~

သမီးဖြစ်သူက"ရပါတယ်အမေရဲ ဘာမှမဖြစ်ပါဘူး"ဆိုပြီးနေပူထဲ ဆက်လုပ်မြဲလုပ်နေတယ်....

အဖွားအိုကလည်း....."ဟဲ့ နေပူထဲမလုပ်ပါနဲ့ နေထိုင်မကောင်းဖြစ်မယ်" ပေါ့...

တတွတ်တွတ်ပြောလို့ မပြီးတော့ဘူး...သမီးကလည်းသူ့ မအေစကားမကြားသလိုနေလိုက်ရော
ဆိုပါတော့~~~

သိပ်မကြာဘူး~~~

သမီးဖြစ်သူက သူ့ ရင်သွေးလေးရဲ့ အဲ့ ခနဲ ငိုသံကို ကြားမိလို့ ကြည့် လိုက်တော့...

အား…လား…လား သူ့ ရင်သွေးကိုအဖွားအိုက နေပူထဲလာချထားတာကိုး

ဒါနဲ့ သမီးဖြစ်သူကစိုးရိမ်တကြီးနဲ့  ဗြုန်းဆိုငေါက်ခနဲထရပ်....ကလေးဆီပြေး ...

ကလေးကိုပွေ့ ချီ ချော့မြူလိုက်ပြီး..."အမေ…အမေဘယ်လိုလုပ်လိုက်တာလဲ ?
အမေ ဘာလို့ ရက်စက်ရတာလဲ " လို့ ...

အဖွားအိုကို အပြစ်တင်တာပေါ့   အဖွားအိုက တခွန်းပဲပြောရှာတယ်~~~

"အေး… အခု ညည်းရင်ထဲကအတိုင်းပဲ.. နေပူထဲက နင့်ကို ငါမြင်နေရတုန်းက...

ငါဘယ်လိုခံစားနေမိမလဲဆိုတာ ...သဘောပေါက်ပလားဟဲ့ "

Credit :  မောင်ဘိုကျော် 



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment