ကနေဒါရှိ ကွင်းစ်တက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ခုသည် ကွေးနိုင်ဆန့်နိုင်သော ကိုယ်ထည်နှင့် holographic display ပါဝင်သော HoloFlex ဟုခေါ်သော စမတ်ဖုန်းတစ်မျိုးကို တီထွင်ခဲ့သည်။
Android 5.1 ကိုအခြေခံထားသည့် HoloFlex ဖုန်းသည် motion parallax နှင့် stereoscopy ဖြင့် သုံးဘက်မြင်ပုံရိပ်များကို ဖန်တီးပေးနိုင်သောကြောင့် အထူးမျက်မှန်တစ်ခု မလိုအပ်ဘဲ screen ပေါ်မှ အရာများကို ပေါလောပေါ်နေသော hologram တစ်ခုအနေဖြင့် တွေ့မြင်နိုင်မည်ဖြစ်သည်။
ထို့အပြင် သုံးစွဲသူများသည် ဖုန်းကို ကွေးညွှတ်ခြင်းဖြင့် အရာဝတ္ထုများနှင့် အပြန်အလှန်လုပ်ဆောင်နိုင်သလို Angry Birds ဂိမ်းကို ကစားရာတွင်လည်း ဖုန်းကို ကွေးညွှတ်ခြင်းဖြင့် လောက်လေးခွကို အနောက်သို့ ဆွဲကာ ပစ်နိုင်မည်ဖြစ်သည်။
လက်ရှိဗားရှင်းတွင် 160 x 104 pixel resolution ဖြင့်သာ အသုံးပြုနိုင်သောကြောင့် ကြည်လင်ပြတ်သားသည့် ပုံရိပ်များကို မြင်တွေ့နိုင်မည် မဟုတ်ပေ။
HoloFlex ကို မေလ ၉ ရက်တွင် ဆန်ဟိုဆေးမြို့၌ ကျင်းပမည့် ACM CHI human-computer interaction conference ၌ ပွဲထုတ်မိတ်ဆက်မည်ဟု သိရသည်။
Ref: TheNextWeb
Tags:
TechSmartphones
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment