Friday, 20 May 2016

ငွေဖြည့်ပမာဏ ကျပ် ၂ သန်း အထိရနိုင်မယ့် ကံစမ်းအစီအစဉ်ကိုMPTစတင်

MPT ၏သုံးစွဲသူပေါင်းသန်းနှစ်ဆယ်ပြည့် အထိမ်းအမှတ် အနေနဲ့ အများဆုံး ငွေဖြည့်ပမာဏ ကျပ် ၂ သန်း အထိရနိုင်မယ့် ကံစမ်းအစီအစဉ်ကို MPTသုံးစွဲသူများအားလုံး ပါဝင်နိုင်စေရန် စီစဉ်ပေးလိုက်ကြောင်းသိရသည်။ မေလ ၂၀ ရက် မှ ဇွန်လ ၂ ရက်အတွင်း 2222 သို့ 20 ဟုရိုက်နှိပ်ပြီး တစ်ကြိမ်သာစာတိုပေးပို့ ကံစမ်းကာ မည်သူမဆို ဆုလက်ဆောင်တစ်ခု ကံထူးရယူနိုင်မှာဖြစ်သည်။
MPT ဆင်းကတ် အသုံးပြုသူအားလုံး ပါဝင်နိုင်မှာဖြစ်သလို ဖုန်းခေါ်ဆိုခွင့် ပိတ်ခံထားရသူများ၊ အဝင်ဖုန်းလက်ခံခွင့်နှင့် အထွက်ဖုန်းခေါ်ဆိုခွင့်နှစ်ခုလုံး အပိတ်ခံထားရသူများလည်း ဖုန်းငွေဖြည့်ပြီးပါဝင်နိုင်မှာဖြစ်သည်။
ဒါ့အပြင် MPTဆင်း(မ်)ကတ်ပျက်စီးပျောက်ဆုံးခြင်းအတွက်လည်းမြန်မာနိုင်ငံတစ်ဝှမ်းရှိ MPT Branded Shop များတွင်လွယ်ကူစွာပြန်လည်လျှောက်ထားဖို့ စီစဉ်ပေးသွားမှာကြောင်းလည်းသိရသည်။
လက်ဆောင်ရရှိသော ငွေဖြည့်ပမာဏများကို ဇွန်လ ၂ရက်နောက်ပိုင်းတွင် ဖုန်းနံပါတ်တစ်ခုချင်းသို့ ဖြည့်သွင်းပေးသွားမှာဖြစ်ပြီး ငွေဖြည့်ပြီးချိန်တွင်စာတိုပေးပို့ပြီး အတည်ပြုပေးသွားမှာဖြစ်သည်။ ဆုလက်ဆောင်အရေအတွက်နှင့် အသုံးပြုနိုင်မည့်ပုံစံ၊ သက်တမ်းတို့ကို MPT၏၀က်ဘ်လင့်ခ် http://bit.ly/1QNyA8mမှာအသေးစိတ်ဝင်ရောက်လေ့လာနိုင်ကြောင်းသိရသည်။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment