Labels
- ကဗျာ (71)
- ကျန်းမာရေးဗဟုသုတ (158)
- ချစ်မှုရေးရာ (45)
- စာအုပ်စင် (14)
- နည်းပညာ (223)
- ပညာပေး သင်ခန်းစာ (3)
- ပညာရေး (6)
- ဗဟုသုတ (242)
- ဘာသာရေး (2)
- ဝတ္ထုတို (36)
- ဟာသ (117)
- အလှအပရေးရာ (1)
- ဆောင်းပါးများ (111)
- ပြည်ခိုင်ဖြိုး သတင်း (4)
Thursday, 2 June 2016
*အသဲ မရှိတော့ဘူး*
လာပါလို့လဲ
ငါမခေါ်ခဲ့ဘူး
ပြန်ပါလို့လဲ
မနှင်ခဲ့ဘူး
ရင်ခွင်မှာနားခို
အချိန်တန်တော့လဲ
ငါ့ကိုခွဲခွါ
ဝေးရာကိုရှောင်ပြေး
ငါမတားခဲ့ဘူးနော်
ဒါပေမဲ့ပေါ့ဟာ
နင်ကစားခဲ့တဲ့
နှလုံးသားက
တစ်စစီကို ကြေမွ
ဒဏ်ရာဗလပွနဲ့
ရင်မှာ အမာရွတ်တွေနဲ့မို့
အချစ်ဆိုတာကိုလဲ
ကြောက်ရွံ့ စိုးထိပ်
တိတ်တိတ်လေးပဲ
ပြောလိုက်မယ်ဟာ
နှလုံးသားကို နောက်ဆုတ်
ကျောက်ရုပ်လို နေခဲ့ပြီ
ဒါကြောင့်မို့လေ ငါအသဲ
ခွဲဖို့သက်သက်
နင်ပြန်လာတယ်ဆိုရင်
လာလမ်းအတိုင်း ငါ့ကို
ကျောခိုင်းသွားပါတော့,
ငါမှာ အသဲမရှိတော့လို့ပါ..,.
တစ်ကောင်ဘွား(ဓာတ်တော်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment