Monday, 27 June 2016

တစ်ချိန်ယူမဲ့ဇနီးလောင်းသို့


ငါ့ထက် တော်သည်ဖြစ်စေ
ငါ့ထက်ညံ့သည်ဖြစ်စေ ထိုအရာတွေကို မေ့လိုက်ပါ

ငါက သွားမယ်ဆို နင့်တိုင်ပင်မယ်
နင်ကလုပ်စရာရှိမယ်ဆိုလည်း ငါ့အကုန်ပြောရမယ်

နင်မပြောတဲ့ကိစ္စမှန်သမျှ ငါမမေးဘူး
ငါမပြောတဲ့ကိစ္စမှန်သမျှလည်း နင်နားလည်ပေးဖို့လိုတယ်

နင်မဖြေရှင်းနိုင်တော့တဲ့ ပြဿနာမျိုးတွေဆို ငါ့ကိုပြောပါ
ငါမဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးတွေဆိုလည်း ရင်ဖွင့်တိုင်ပင်ပါ့မယ်

ငါတို့အနာဂတ်အတွက် အစီအစဉ်ကိုဆွဲပါ
ဘယ်အရာမှ အစီအစဉ်မရှိပဲ စနစ်တကျမအောင်မြင်နိုင်ဘူးဆိုတာ ယုံပေးပါ

နင်ဗြူးတီးစလွန်းသွားသွား
ကြိုက်တာတွေပဲဝယ်ဝယ် ငါဘယ်တော့မှဝင်မပြောဘူး
ငါတို့ဝင်ငွေ ထွက်ငွေကိုလည်း နင်သိနေလောက်ပြီ
ငါရွေးချယ်ခဲ့တဲ့ ဇနီးလောင်းအပေါ် ငါယုံတယ်

နင့်ကိုလည်း လိုတာထက် ပိုမချုပ်ချယ်ပါဘူး
ငါ့ကိုလည်း တချို့ကိစ္စတွေနားလည်ပေးပါ
နင်လည်း ငါ့ကနင့်ကို ပိုချစ်လာအောင် အမြဲကြိုးစားပါ
ငါလည်း နင်'ငါ့ကို တနေ့ထက်တနေ့ပိုချစ်လာအောင် အမြဲကြိုးစားနေမှာပါ

ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်နေပါ
စကားမရှုပ်ပါနဲ့
မိန်းကလေးတစ်ယောက် စကားရှုပ်တာ
ယောက်ျားလေးတစ်ယောက် နောက်မိန်းမငယ်နဲ့ရှုပ်တာနဲ့ အကျိုးရလဒ်အတူတူပဲ
ငါလည်း ဘယ်တော့မှမရှုပ်ဘူး
နင်လည်းဘယ်တော့မှမရှုပ်ပါနဲ့

ငါတို့သားသမီးတွေအတွက် ငါတို့ကစံပြနမူနာအမြဲဖြစ်နေရမယ်
ငါတို့ စိတ်အခန့်မသင့်လို့ အဆင်မပြေတွေဖြစ်နေခဲ့ရင်တောင်
ကလေးတွေရှေ့မှာ ကြင်နာပြနေရမယ်

ငါကျရှုံးစေမယ့်အရာမှန်သမျှ နင်ကျရှုံးတာလို့တွေးပေးပါ
နင့်ကို သိက္ခာကျစေတဲ့ကိစ္စမှန်သမျှ ငါ့ကိုတံတွေးနဲ့လာထွေးတယ်လို့ ခံယူထားပါမယ်

ငါလည်း အမြဲမမှန်နေနိုင်ဘူး
နင်လည်း အမြဲမမှန်နေနိုင်ဘူး
အမြဲတမ်းမမှားဖို့ပဲ ကြိုးစားမယ်
ငါအားလျော့ရင် နင်ဖေးကူပါ
နင်လဲကျရင် ငါပွေ့ချီမှာပါ

ငါတို့က လောကဓံလှိုင်းလုံးကို လက်တွဲပြီးစီးရမယ့်သူတွေပါ
အချစ်ဆိုတာ အပေါ်ယံနှမ်းဖြူမဟုတ်သလို
ပေါ်ပင်ကိစ္စတစ်ခုလည်းမဟုတ်ဘူး
ငါ့မျက်ဝန်းကို နင်ဖတ်နိုင်အောင်ကြိုးစားပါ
နင့်အိပ်မက်ကို ငါသိမြင်နေနိုင်အောင်ချစ်ပါ့မယ်

ဘယ်ကာလ ဘယ်အချိန် ဘယ်အသက်အရွယ်ပဲရောက်ရောက်
နင့်ကို ချစ်ခွင့်ပန်တုန်းကအချိန်ကလိုပဲ အမြဲရင်ခုန်စွာချစ်နေပါ့မယ်
အသက်အရွယ်ကြီးလာတာနဲ့အမျှ
နင့်ဘေးနားမှာ လူတွေတဖြည်းဖြည်းနည်းလာမယ်
ငါ့ဘေးနားမှာလည်း လူတွေတဖြည်းဖြည်းလျော့လာလိမ့်မယ်
တလောကလုံးမှာဘယ်သူမှ မရှိတော့တဲ့နောက်
နင့်ဘေးနားမှာ ငါရှိနေမယ်ဆိုရင်
ငါ့ဘေးနားမှာ နင်ရှိနေမယ်ဆိုရင် အဲဒါငါတို့ချစ်ခြင်းသစ္စာပဲ

ပြီးတော့
ငါတို့ကလေးတွေဟာ စိတ်ဒဏ်ရာကင်းရမယ်
အတွေးအခေါ်ရှိရမယ်
လွတ်လပ်စွာနေထိုင်နေရမယ်
ချစ်ခြင်းရယ် အနုပညာရယ်ကို ခံစားနိုင်စွမ်းရှိရမယ်
( အနုပညာကိုဖန်တီးနိုင်ခဲ့ရင်တော့ အပျော်ဆုံးပေါ့ )
ငါတို့ထက် အဆပေါင်းများစွာ ပိုတော်နေရမယ်
ငါတို့ရဲ့ ပန်းတိုင်ဟာ . . . ငါတို့ရဲ့ချစ်ခြင်း
ပြီးတော့ . . . ငါတို့အနာဂတ်လောင်းလေးတွေ ။

_
‪‎Credit: ကိုလင်း‬



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment