Thursday, 16 June 2016

ဒီလိုဘဝတွေ







စတိုးဆိုင်ကြီးတစ်ဆိုင် အတွင်းသို့ ဆိုင်ပိတ်ခါနီးမှ


နွမ်းပါးစွာဝတ်ဆင်ထားသော လက်လုပ်လက်စား


အခြေခံလူတန်းစားသဏ္ဌန် သားအဖနှစ်ယောက်


ဝင်လာသည်...ခုမှအလုပ်သိမ်းပြီး ပြန်လာလေသလားမသိ...ပေတူးနံစော်နေသည်..


""ကလေးတိုက်တဲ့နို့မှုန့်ရှိလား""


""ဘယ်အရွယ်တိုက်မှာလဲ""


ခပ်ဝဝ သုံးဆယ်ကျော်အရွယ် ဆိုင်ရှင်အမျိုးသမီး


ကပြန်မေးသည်...


"" ကလေးက တပတ်လောက်ရှိသေးတယ်


မွေးထားတာ ကလေးအမေက နို့မထွက်လို့""


""အော် ဒါဆို ဒူးမက် စတပ်ဝမ်း တိုက်ရမှာ...


ဒီမှာ ဒါမျိုး သူက မွေးစကနေ တနှစ်အထိတိုက်ရတာ


ဆိုင်ရှင်က သူမနောက်ကျောရှိဗီရိုထဲက စက္ကူဂျပ်ဗူး


လေးတစ်ဗူးကို ကောင်တာပေါ်ထုတ်ပြသည်...


ကြီးတော့ ကြီးသားပဲဟု စိတ်ထဲမှာ တွေးနေသည်...


""တစ်ဗူးဘယ်လောက်လဲ""


""တစ်သောင်းတစ်ထောင်""


ဆိုင်ရှင်အမျိုးသမီးအသံက


ဈေးဝယ်အမျိုးသားအတွက်


မိုးကြိုးပစ်ချလိုက်သလိုပင်...


လက်ကကိုင်ထားသော နို့မှုန့်ဗူးကို ယောင်ယောင်


ကန်းကန်းနှင့် ဆိုင်ရှင်အမျိုးသမီးဘက် ပြန်တိုးပေး


လိုက်မိသေး၏။


""အဲ့လောက်ကြီးတော့ မနိုင်ပါဘူး အမရယ်


ဒီထက်ဈေးသက်သာတာလေးပြပေးပါဦး""


""ရတယ် နောက်တမျိုးရှိသေးတယ် နက်စ်တယ်လ်


ထုတ်တာ တစ်ဗူးကို ခြောက်ထောင့်သုံးရာ""


ဈေးဝယ်အမျိုးသားက သက်ပြင်းရှိုင်ပြန်သည်...


""ခြောက်ထောင့်သုံးရာ...""


ဈေးနှုန်းလေးကို တီးတိုးရေရွတ်နေပုံထောက်တော့


ဒီဈေးနှုန်းကလဲ သူ့အတွက် အဆင်ပြေပုံမရ။


""ဒိထက်ဈေးပေါတာရော ရှိသေးလား""


"" တရုပ်နို့မှုန့်တွေတော့ ရှိတယ် ဈေးတော့ပေါတယ်


တထုပ်မှ နှစ်ထောင်ကျော်...ဒါပေမဲ့ ခင်ဗျားကလေး


ကတစ်ပတ်ဆိုတော့ နုသေးတယ် ဝမ်းတွေဘာတွေ


ပျက်ရင်ကလေး အသက်အန္တရယ်က ရှိသေးတယ်


လေ""


""တိုက်လို့မရဘူးလား""


""စိတ်မချရတာတော့ အမှန်ပဲ""


အမျိုးသားခမျာ ခေတ္တတွေဝေသွားရှာသည်...


"" လုပ်အားခ ရှင်းလာတာ ခုနှစ်ထောင်တော့


ပါ ပါသေးတယ်...ကျုပ်က ငါးထောင် ဒီကလေး


က နှစ်ထောင်ရတယ်...


ဒါပေမဲ့ ဆန်နဲ့ဟင်းချက်စရာကလဲ


ဝယ်ရဦးမှာ...သူ့အမေကလဲ ဘာမှစားရသေးမှာ


မဟုတ်ဘူး.,ကျုပ်တို့ပြန်လာမှ ချက်ရပြုတ်ရမှာလေ


မတတ်နိုင်ဘူးဗျာ တရုပ်လဲကောင်းမှာပါ တရုပ်ပဲပေး


ပါတော့""


တရုပ်နို့မှုန့်နှစ်ထောင့်ငါးရာတန်တစ်ထုပ်ဝယ်ပြီး


သားအဖနှစ်ယောက်ပြန်သွားကြသည်...


သူတို့ကြည့်ပြီး ဆိုင်ရှင်အမျိုးသမီးက စိတ်မကောင်း


ရှာ...ဈေးဝယ်လဲရှင်းပြီမို့ ဆိုင်ပေါက်တွေပိတ်ပြီး


ထမင်းစားဖို့ပြင်ရဆင်ရပြန်သည်.,


ထိုစဉ် လူဝင်တဲ့ဂိတ်တံခါးလေးက ""အမ အမ""နဲ့


အမျိုးသားတစ်ဦးခေါ်သံကို ကြားရသည်...


ဆိုင်ပိတ်မှ ဘယ်သူပါလိမ့်.,ဈေးဝယ်ပဲနေမှာပါ...


ဆိုင်ပိတ်ခါမှ လာပြီ...စောစောတုံးကတော့


မလာပဲနဲ့...


"" ဘယ်သူလဲ ဘာကိစ္စလဲ...""


ဟန့်သွားအောင် အသံကို တမင်တကာ တင်းထား


လိုက်သည်...


"" အမ ကျုပ်ပါ ခုနက နို့မှုန့်ဝယ်သွားတဲ့တယောက်


လေ ကျုပ်ကို မရိုမသေလေး အမရယ် ဒီတရုပ်နို့မှုန့်


နဲ့ ခြောက်ထောင့်သုံးရာတန် နို့မှုန့်လေးနဲ့


လဲပေးပါဦ...""


""အော်...အစောကတည်းကပြောသားပဲ...


ရပါတယ် လဲပေးမယ်လေ အခုယူမှာက ခြောက်


ထောင့်သုံးရာ ပြန်ပေးတာက နှစ်ထောင်ငါးရာတန်


ဆိုတော့ ခင်ဗျားက သုံးထောင့်ရှစ်ရာပြန်ပေးရမယ်


နော် အမ်းစရာလိုသေးလား အအမ်းလေး တခါထဲ


ယူရအောင်လို့"'


""အမ...""


"" ရှင့်...""


""ကျုပ်တို့သားအဖသုံးယောက်ညစာစားဖို့


မျက်လုံးတံဆိတ်ခေါက်ဆွဲသုံးထုပ်နဲ့ ကြက်ဥ


သုံးလုံးဝယ်လိုက်တာ တစ်ထောင့်နဲ့ငါးဆယ်ကျတော


အခုက ငါးထောင့်ကိုးရာ့ငါးဆယ်ပဲ ကျန်တော့တယ်


ကျုပ်က မစားပဲနေနိုင်ပေမဲ့ မီးနေသည်နဲ့ ဒီကလေး


ငယ်က အစာမရှိရင် အားပြတ်ကုန်မှာစိုးလို့ပါ...


လိုတဲ့သုံးရာ့ငါးဆယ်ကို မနက်ဖြန်ကျ ဆက်ဆက်


လာပေးပါ့မယ် နို့မှုနှ်ုထုပ်လေး ပေးလိုက်လို့ရလား""


ဆိုင်ရှင်အမျိုးသမီးစိတ်ထဲ ဂရုဏာသက်သွားသည်..


""ကဲ ပါတဲ့ပိုက်ဆံပဲပေးပါ...လိုတာ လျော့လိုက်ပါ့


မယ်""


"" မလျော့နဲ့ အမ မလျော့နဲ့ မနက်ဖြန်ညနေ


ကျုပ်ဆက်ဆက်လာပေးမှာ အခုလို ယုံကြည်ပြီး


ပေးလိုက်တာပဲ ကျေးဇူးတင်လှပါပြီ...""


အော် သူ့ခမျာ ကံသာမွဲရှာတာ စိတ်ဓာတ်ကမမွဲ


ရှာပဲကိုး....


"" စိတ်ဓာတ်တော့ ကြိုက်သွားပြီရှင်...ဒါဖြင်လဲ မနက်


ဖြန်ကျဝင်ပေးပေါ့...ဒါနဲ့ စကားမစပ် ကျမတို့အိမ်မှာ


ဒီနေ့ ထမင်းတွေ ဟင်းတွေ အများကြီးချက်ထားတာ


လေ အဲ့ဒါ ခင်ဗျားတို့အတွက်ထဲ့ပေးလို့ရလာ""


ဈေးဝယ်အမျိုးသားမျက်နှာက ဝင်းပသွားပြီး


"" အို အဲ့လို စေတနာရှိလို့ ကျွေးတာတော့


ကျုပ်က မငြင်းပါဘူးဗျာ...ခိုးစားနှိုက်စားတာမှ


မဟုတ်တာ စားသူမရှိပဲ အလကားဖြစ်မဲ့ဟာဆို


များများသာထဲ့ပေးလိုက်ပါဗျာ""တဲ့...။


ကဲ ဘယ်လောက်ချစ်စရာကောင်းတဲ့စိတ်ထားရှိသူလဲ


တကယ်တော့ ဟင်းတွေ ထမင်းတွေက မပိုပါဘူး..


ရှိတဲ့ထမင်းဟင်းတွေ သူတို့သားအဖကို အကုန်ထဲ့


ပေးပြီး သူတို့မိသားစု သုံးဦးကတော့ အပြင်ထွက်


စားလိုက်တော့မယ်ဆိုတဲ့ရည်ရွယ်ချတ်နဲ့


ဆိုင်ရှင်အမျိုးသမီးက စိတ်ကူးစီမံလိုက်ခြင်းပါ...


ပိုနေသူနဲ့လိုနေသူ အပေးအယူညီမျှလိုက်တော့


နှလုံးသားကိုယ်ဆီမှာ ပျော်ရွှင်ကြည်နူးမှု့တွေနဲ့ပေါ့။့


Credit..လွမ်းသုဝဏ်



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment