သင့်လက်ထဲမှာ ထမင်းလုပ်တစ်ဆုပ်ကို ဆုပ်ကိုင်ဖျစ်ညှစ်ကြည့်ပါ
သင့်လက်ကြားကနေ ထမင်းစေ့တွေ ရုန်းကုန်ပြီး အပြင်ကို ထွက်လာတာတွေ့ရလိမ့်မယ်
လောကကြီးမှာ ဘယ်အရာကိုမှ တင်းကြပ်စွာ ဆုပ်ကိုင်ထားလို့ မရနိုင်ဘူး
တင်းကြပ်စွာ ဆုပ်ကိုင်မိလေလေ ရုန်းကန်ပြီးအပြင်ကို ပြေးထွက်လေလေပါပဲ
သင်ရော ... ဘ၀မှာ ဘယ်အရာတွေကို လိုအပ်လွန်းလို့ ဆုပ်ကိုင်ထားမိပါသလဲ
တကယ်သာ မြတ်နိုးတွယ်တာတယ်ဆိုရင် .. ဘာကိုမှ ဆုပ်ကိုင်မထားပါနဲ့
တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိလိုက်တဲ့အခါ
သင်ဘာကိုမှ ရရှိမှာမဟုတ်ဘူး
တခါတလေ မျှော်လင့်ချက်များများ ထားတဲ့အခါ ဖြစ်မလာတတ်ဘူး
တခါတလေ ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့အခါ ဖြစ်လာတတ်တယ် ။
Credit: သက်တန့်ချို
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment